လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ သွားနဲ့ခံတွင်းကျန်းမာရေးကလည်း အဓိကကျပါတယ်။ သွားကိုက်သွားနာတာတွေမဖြစ်အောင်၊ သွားနဲ့ ပတ်သက်တဲ့ ရောဂါတွေကင်းဝေးအောင်၊ ခံတွင်းနံ့မနံအောင် ကိုယ်တိုင်ဂရုစိုက်ပြီး အမြဲပြုလုပ်ပေးသင့်တဲ့အချက် (၇) ချက်ကို မျှဝေပေးလိုက်ပါတယ်။

သွားတိုက်ပါ။

သွားကို တစ်နေ့နှစ်ကြိမ် ပုံမှန်တိုက်ပေးပါ။ အစာစားပြီးတိုင်းလည်း သွားတိုက်စရာမလိုပါဘူး။ အစာစားပြီးတိုင်းမှာ ပလုတ်ကျင်းပေးရင် ရပါတယ်။

သွားကြားကို သန့်စင်ပါ။

အသား၊ ငါးတွေစားပြီးတိုင်းမှာ သွားကြားကို အပ်ချည်ကြိုးနဲ့ သန့်စင်ပေးပါ။ သွားကြားထိုးတံနဲ့ လုံးဝမလုပ်ပါနဲ့။ သွားကြားထိုးတံကကြီးတဲ့အတွက် သွားတွေ ကြဲသွားပါလိမ့်မယ်။ အပ်ချည်ကြိုးနဲ့ပဲလုပ်ပါ။

ဆိုဒါပါတာမသောက်ပါနဲ့။

ဆိုဒါပါတဲ့ အအေးတွေကို လုံးဝမသောက်ပါနဲ့။ ဒါတွေက သွားကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဆိုဒါပါတာတွေ သောက်မယ့်အစား သံပုရာရည်နဲ့ အခြား အသီးအရွက်တွေနဲ့ဖျော်ထားတဲ့ ဖျော်ရည်တွေကိုသောက်ပါ။

သကြားပါတာတွေကို ရှောင်ကြဉ်ပါ။

သကြားအရမ်းပါတဲ့ အစားအသောက်တွေက သွားပိုးစားတာမျိုးတွေ၊ သွားကိုက်တာမျိုးတွေဖြစ်စေလို့ ရှောင်ကြဉ်သင့်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည် စတာတွေက ခံတွင်းနံ့ဆိုးစေတဲ့အတွက် လျော့သောက်ပေးပါ။

လျှာကိုအမြဲသန့်စင်ပါ။

တစ်နေ့ကို နှစ်ကြိမ်လောက် လျှာကိုသန့်စင်ပေးပါ။ သွားပွတ်တံနဲ့တိုက်တာပဲဖြစ်ဖြစ်၊ လျှာသန့်စင်တဲ့ Brush နဲ့ပွတ်တာပဲဖြစ်ဖြစ်၊ ဇွန်းနဲ့ လျှာကို ခြစ်ချတာပဲဖြစ်ဖြစ်လုပ်ပေးပါ။ ဒီလိုလုပ်ပေးရင် ခံတွင်းနံ့ဆိုးတွေကင်းဝေးစေပါတယ်။

ဆရာဝန်နဲ့ အမြဲပြပါ။

ကိုယ့်ရဲ့သွားကို ဆရာဝန်နဲ့ပြပြီး အမြဲတိုင်ပင်ဆွေးနွေးနိုင်ရင် ပိုကောင်းပါတယ်။ တစ်လ တစ်ခါ (သို့) နှစ်လ တစ်ခါလောက်ပြပေးရင် ပိုကောင်းပါတယ်။

ဆေးလိပ်မသောက်ပါနဲ့။

ဆေးလိပ်သောက်တာဟာ ခံတွင်းနံ့ဆိုးစေပြီး သွားတွေကိုလည်း မဲစေပါတယ်။ ဆေးလိပ်သောက်ထားတဲ့သူစကားပြောရင် ဆေးလိပ်နံ့တွေ အမြဲနံနေတာကို တွေ့ရမှာပါ။

Photo Source: www.womensok.com