သွားဘက်ဆိုင်ရာ ကျန်းမာရေးနဲ့ပတ်သက်ပြီး လူသားတွေမှာ အဖြစ်များတာဟာ သွားပိုးစားခြင်းနဲ့ သွားနဲ့ခြင်းတို့ပါပဲ။ ဒီလိုပြဿနာတွေကို အသက်ကြီးရင့်နေပြီဖြစ်တဲ့ လူကြီးသူမတွေ၊ ဆက်ကျော်သက်များနဲ့ ကလေးငယ်တွေမှာ တွေ့ရလေ့ရှိပါတယ်။

ခံတွင်းခြောက်ခြင်း၊ အရည်သုံးစွဲမှုနည်းခြင်း၊ သွားနှင့်ခံတွင်းထိန်းသိမ်းမှု အားနည်းခြင်း၊ မကြာခဏ သရေစာတွေ စားသုံးခြင်း၊ ဖျော်ရည်တွေ အများအပြားသောက်သုံးခြင်းတို့ကြောင့် သွားအတွင်းမှာ ပိုးတွေစုဝေးလာရတာပါ။

သွားပိုးစားနေတဲ့ တစ်ချောင်းကို မကုသဘဲ ဒီအတိုင်းထားလိုက်မယ်ဆိုပါက တခြားသွားတွေကိုပါ ကူးစက်သွားပြီး သွားကိုက်ခြင်းနှင့် သွားကျိုးခြင်းတို့ကို ကြုံတွေ့လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့သွားလေးကို ဘယ်လိုနည်းလမ်းတွေနဲ့ ဂရုစိုက်ရမလဲ။

နနွင်း

Source: bioplushealth.com

သွားပိုးစားခြင်းကြောင့် ကိုက်ခဲဝေဒနာကို ခံစားရပါက နနွင်းကို အသုံးပြုကြည့်လိုက်ပါ။ နနွင်းမှုန့်အနည်းငယ်ကို ကိုက်နေတဲ့သွားမှာ သိပ်လိုက်ပြီး မိနစ်အနည်းငယ်လောက်ထားပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ပလုပ်ကျင်းနိုင်ပါတယ်။

ကြက်သွန်ဖြူ

Source: snaped.fns.usda.gov

ဘက်တီးရီးယားများကို သေစေနိုင်တဲ့ ကြက်သွန်ဖြူကိုလည်း သွားပိုးစားခြင်း၊ ယိုင်နဲ့ခြင်းများအတွက် အသုံးပြုပေးနိုင်ပါတယ်။ ကြက်သွန်ဖြူလေးမြွှာနဲ့ ဆားကြမ်း လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံကို ကြိတ်ခြေကာ ကိုက်နေတဲ့သွားမှာသိပ်လိုက်ပါ။ ၁၀ မိနစ်ထားပြီး ပလုပ်ကျင်းရည်နဲ့ ဆေးလိုက်ပါ။ ရက်သတ္တပတ်အနည်းငယ်လောက်ကို တစ်နေ့လျှင် နှစ်ကြိမ်ပြုလုပ်ပေးပါ။

နွယ်ချို

Source: aanmc.org

သွားပိုးတွေ ကြီးထွားခြင်းကို ကာကွယ်နိုင်တဲ့ နွယ်ချိုခြောက် အမှုန့်ကို သွားတိုက်တံသုံးပြီး နေ့စဉ် သွားတိုက်ပေးပါ။ နောက်တစ်နည်းအနေနဲ့ အတန်ငယ်နူးညံ့တဲ့ နွယ်ချိုချောင်းကို သွားတိုက်တံအနေနဲ့ သုံးကာ နေ့စဉ်သွားတိုက်ပေးနိုင်ပါတယ်။

ဆား

Source: goodfood.com.au

ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေးနွေးတစ်ခွက်ထဲထည့်ဖျော်ပြီး တစ်မိနစ်လောက် ပါးစပ်ထဲထည့်ကာ ခံတွင်းအနှံ့ရောက်အောင် ပလုပ်ကျင်းပေးပါ။ အထူးသဖြင့် ကိုက်နေတဲ့သွားကိုပါ။ သွားကိုက်တာ သက်သာသွားတဲ့အထိ တစ်ရက် သုံးကြိမ်လုပ်ပေးပါ။

လေးညှင်းပွင့်

Source: bodynutrition.org

သွားကိုက်တဲ့အခါ လေးညှင်းပွင့်ကို လျှာအောက်မှာ မိနစ်အနည်းငယ်လောက်ထားပေးပါ။ သွားကိုက်တာကို သက်သာစေပါလိမ့်မယ်။

Source: annapolisdentalwellness.com