သွားနှင့်ခံတွင်းကျန်းမာရေးက သွားဖုံးရောဂါများထက် ပိုပါတယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်ရဲ့  ခံတွင်းကျန်းမာရေးနဲ့  အလုံးစုံကျန်းမာရေးတို့က ဆက်စပ်နေလို့ပါ။ ကုသမှုမရှိရင် သွားပိုးစားတာတွေ သွားဖုံးပြဿနာတို့က  နာကျင်ခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း စတဲ့ပြဿနာများနဲ့  သွားများဆုံးရှုံးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ကျန်းမာတဲ့သွားများရရှိဖို့ဆို တစ်သက်တာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သွားတွေ လှပတယ်လို့ ပြောခံရရင်တောင်မှ သူတို့ကို ဂရုစိုက်ပြီး ပြဿနာမဖြစ်အောင်က နေ့စဉ် မှန်ကန်တဲ့ အလေ့အကျင့်တွေရှိဖို့ အရေးကြီးပါတယ်။

ပြင်းပြင်းထန်ထန် မတိုက်ပါနဲ့

သွားချေးများနဲ့ ဘက်တီးရီးယားများကို ဖယ်ရှားဖို့နဲ့ သွားများကို သန့်ရှင်းစေဖို့အတွက်ဆို တစ်နေ့ နှစ်ကြိမ် သွားတိုက်တာက အရေးကြီးဆုံး အလေ့အကျင့်များထဲမှ တစ်ခုပါ။ ဒါပေမယ့် မှန်ကန်တဲ့နည်းစနစ်နဲ့ တိုက်ဖို့အရေးကြီးပါတယ်။ သွားတိုင်းရဲ့ အရှေ့၊ နောက်နဲ့ အပေါ်ကို ပွတ်တိုက်ပေးပါ။ တိုက်တဲ့အခါ စက်ဝိုင်းပုံစံတိုက်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်းတိုက်တာက သွားကြွေလွှာနဲ့ သွားဖုံးများကို ပျက်စီးစေနိုင်ပါတယ်။

ဖလိုရိုက်ကိုသုံးပါ

ဖလိုရိုက်ဓာတ်ချို့တဲ့ရင် သွားပိုးစားနိုင်သလို ဖလိုရိုက်က သွားပေါက်ခြင်းကိုလည်း တားဆီးပေးနိုင်တာကြောင့် ဖလိုရိုက်ဓာတ်ပါတဲ့ သွားတိုက်ဆေးနဲ့  ခံတွင်းသန့်ဆေးများကို မဖြစ်မနေသုံးသင့်ပါတယ်။

တစ်နေ့တစ်ကြိမ် ပွတ်တိုက်ပေးပါ

သွားကြားမှာ  ပိတ်မိနေတဲ့အညစ်အကြေးနဲ့ အစာတွေက ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်စေတာကြောင့် သွားတိုက်တံ မရောက်နိုင်တဲ့ သွားကြားက အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးဖို့ သွားပွတ်တံနဲ့ ပွတ်ပေးသင့်ပါတယ်။

သွားဆရာဝန်နဲ့ ပုံမှန်ပြသပါ

သွားနှင့်ခံတွင်းသန့်ရှင်းရေးကို နေ့တိုင်းကောင်းမွန်စွာ ကျင့်သုံးပြီး သွားနှင့်ခံတွင်းကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေနည်းတဲ့ အရွယ်ရောက်နေပေမယ့်လည်း သွားဖုံးရောဂါ၊ ခံတွင်းကင်ဆာနဲ့ တခြား ခံတွင်းကျန်းမာရေး ဆိုင်ရာ ပြဿနာများကို စစ်ဆေးဖို့ ကျွမ်းကျင်သူများက  ၆ လတစ်ကြိမ် ဆေးစစ်ဖို့ သွားဆရာဝန်ထံ ပြသရန် အကြံပြုထားပါတယ်။

ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာက  ခံတွင်းကို ထိခိုက်စေပြီး သွားနဲ့  လျှာကို အဝါရောင်ဖြစ်စေကာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်တာက သွားဖုံးရောဂါကို အများဆုံးဖြစ်စေနိုင်ပြီး  ခံတွင်းထဲက တစ်ရှူးတွေကို အနာကျက်မှုနှေးကွေးစေပါတယ်။