ကော်ဖီ၊ ဆိုဒါ ခေါ် ကိုကာကိုလာ၊ ပက်ပ်စီ၊ အရောင်ပါဖျော်ရည်၊ ဝိုင်တွေသောက်ရင် သွားကို အရောင်ဖြစ်စေတယ်။ သောက်စရာထဲကဓါတ်နဲ့ သွားအပါ်ဖုံးကြွေလွှာရောပြီး အဝါရောင် ခပ်ညိုညိုရောင်ဖြစ်စေတယ်။ ကြာကြာသောက်သူတွေ ပိုဆိုးပါတယ်။

ဆေးလိပ်သောက်ခြင်းကလည်း အကြောင်းရင်းခံကြီးတခုဖြစ်ပါတယ်။ ဘာကြောင်းလဲဆိုတော့ နီကိုတင်းကြောင့်ပဲဖြစ်ပါတယ်။

သုတေသနတွေလုပ်တဲ့ တိုးတက်တဲ့တိုင်းပြည်တွေမှာမရှိတဲ့ ကွမ်းစားခြင်းကြောင့်လည်း သွားတွေ ညိုတာ မည်းတာ ဖြစ်စေတယ်။ တိုဘက်ကို ခေါ် ခိုင်နီး ခေါ် ဆေးငုံခြင်းကလည်းဖြစ်တယ်။

Source: ranjaeleng.com

ဖြစ်တဲ့သူတွေ သွားဆရာဝန်ပြသင့်ပြီး သွားသန့်ရှင်းရေးလုပ်ပေးရပါမယ်။ ထပ်သောက် ထပ်သုံးစွဲသူတွေ ထပ်သန့်ရှင်းရပါတယ်။ သိပ်ကြာနေသူတွေ ပျောက်ဖို့ ခဲယဉ်းကြပါတယ်။

တချို့ဆေးတွေ ဥပမာ တက်ထရာဆိုက်ကလင်းကနေ သွားတွေကို ရာသက်ပန်အရောင်ဖြစ်သွားစေနိုင်တယ်။ အသက် ၁၄ နှစ်အောက် ဆေးမပေးရပါဘူး။

သွားတချောင်းတည်းသာဖြစ်ရင် အဲဒီသွားမှာ ရောဂါရှိ မရှိ စစ်ဆေးရပါမယ်။

သွားဆရာဝန်တွေက ပိုပြီးပြောပြပေးနိုင်တဲ့အတွက် သွားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Credit: ဒေါက်တာတင့်ဆွေ

Featured Image Source: smile-tech.co.uk