သွားလေးတွေဖြူဝင်းတောက်ပနေခြင်းဟာလည်း ကိုယ့်ကိုယ် ကိုယုံကြည်မှုတိုးစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ လူအများကြားလှပဝင့်ကြွားစွာနဲ့ ရဲရဲရင့်ရင့်ပြုံးနိုင်ဖို့ဆိုတာ ဖြူဖွေးနေတဲ့ သွားလေးတွေရှိမှသာအဆင်ပြေမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ကိုယ်ရဲ့ဝါညစ်နေတဲ့သွားလေးတွေကြောင့် အမြဲစိတ်ဘဝမကျဖြစ်ရပါလိမ့်မယ်။

ဒီတစ်ခေါက်မှာသွားလေးတွေဝါညစ်နေလို့ ယုံကြည်မှုလျော့နေတဲ့သူတွေအတွက်ငွေကုန်ကြေးကျလည်းမများသလို ထိရောက်တဲ့ အကျိုးသက်ရောက်မှုလည်းရှိစေမယ့် သွားဖြူစေတဲ့ သဘာဝပစ္စည်းလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။

(၁) စတော်ဘယ်ရီသီး

Source : SNAP-Ed Connection – USDA

သွားနှင့်ခံတွင်းကျန်းမာရေးအတွက်ကောင်းကျိုးတွေ စတော် ဘယ်ရီသီးမှာများစွာရှိပါတယ်။စတော်ဘယ်ရီးသီးမှာ ဗီတာမင်စီ Antioxidants နဲ့ Malic အက်စစ်ဓာတ်တို့ ပါဝင်တာကြောင့် သွားရဲ့ကြွေမှာကပ်ညှိနေတဲ့ အညစ်အကြေးအစွန်းအထင်းများကို ဖယ်ရှားသန့်စင်ပေးပြီး သဘာဝအတိုင်း ဖြူဝင်းစေပါတယ်။ စတော်ဘယ်ရီသီးကို သဘာဝအတိုင်းစားလို့ရသလို ဖျော်စက်နဲ့ဖျော်ပြီး Smoothie အနေနဲ့ သောက်လို့လည်းရပါတယ်။

(၂) လိမ္မော်ခွံ

Source : Healthline

လိမ္မော်သီးဟာ အက်စစ်ဓာတ်ပါဝင်တဲ့ ရှောက်သီးအနွယ်အဝင် အသီးတစ်မျိုးဖြစ်ပြီး လိမ္မော်သီးရဲ့အခွံမှာ ဗီတာမင်စီနဲ့ အမျှဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် သွားတွေကိုဖြူဝင်းတောင်ပစေမှာဖြစ်ပါတယ်။ မိမိရဲ့ ဝါညစ်နေတဲ့ သွားတွေကို လိမ္မော်ခွံနဲ့ ပုံမှန်ပွတ်တိုက်ပေးမယ်ဆိုရင် သွားလေးတွေ ဖြူဝင်းလာတဲ့အကျိုးရလဒ်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

(၃) မုန့်ဖုတ်ဆော်ဒါ

Source : Pinterest

အညစ်အကြေးအစွန်းအထင်းနဲ့ အနံ့အသက်ဆိုးတွေကိုပျောက်ကင်းသက်သာစေတဲ့ပစ္စည်းတစ်ခုကိုပြောပါဆိုရင် မုန့်ဖုတ် ဆော်ဒါကိုပဲ ပြေးမြင်မိကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့သွားလေးတွေဝါနေလို့စိတ်ညစ်နေရင် မနက်ခင်းအိပ် ယာနိုးလို့သွားတိုက်တဲ့အခါ မုန့်ဖုတ်ဆော်ဒါ အနည်းငယ်ကိုသံပရာရည်ရောထည့်ပြီး ရလာတဲ့အနှစ်နဲ့ သွားတိုက်ပေးပါ။ရက်အနည်းငယ်အတွင်းသွားလေးတွေဖြူဝင်းလာစေမှာဖြစ်ပါတယ်။

(၄) ငှက်ပျောသီးအခွံ

Source : mymedicalmantra.com

ငှက်ပျောသီးအခွံဟာလည်း သွားလေးတွေ ဖြူဝင်းတောက်ပလာစေမယ့် သဘာဝပစ္စည်းတစ်ခုဖြစ်ပါတယ်။ငှက်ပျောသီး စားတဲ့အခါအခွံလေးတွေကို လွင့်မပစ်ပဲ သိမ်းထားပါ။ငှက်ပျောသီးရဲ့ အတွင်းဖက်အဖြူသားနဲ့သွားလေးတွေကို ပွတ်တိုက် ပေးမယ်ဆိုရင် ပုလဲလုံးလေးလိုဖြူဝင်းတဲ့ သွားလေးတွေ ပိုင်ဆိုင်ရစေမှာဖြစ်ပါတယ်။

(၅) မီးသွေး

Source : Chiara

ကွမ်းစားတဲ့သူတွေ သွားဝါညစ်နေတဲ့သူတွေအတွက် အကောင်းဆုံး ကြေးချွတ်သန့်စင်ပေးမယ့်အရာကတော့ မီးသွေးပဲဖြစ်ပါတယ်။ မီးသွေးကိုအမှုန့်ကြိတ်ပြီး ရရှိလာတဲ့အမှုန့်တွေကို သွားတိုက်ဆေးသုံးသလို သွားပွတ်တံမှာထည့်ပြီး တိုက်ပေးရ မှာဖြစ်ပါတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ်တိုက်ပေးမယ်ဆိုရင်တော့ သင့်ရဲ့သွားလေးဟာ အညစ်အကြေးအစွန်းအထင် ကင်းစင်ပြီးဖြဝင်းလာပါလိမ့်မယ်။

Reference Source : https://www.stylecraze.com/articles/simple-ways-to-get-white-teeth-overnight/?fbclid=IwAR234pw_CZWQNETfSDk8ls7do0O1D_gtWrWqi2JpIZelacqs4hNPDl17gi4