မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. အပြင်မှာ တစ်ယောက်နဲ့တစ်ယောက်ဆုံကြလို့ ပြုံးပြနှုတ်ဆက်တဲ့အခါ အပြုံးလှလှလေးဖြစ်ဖို့ အရေးကြီးပါတယ်နော်။ တောက်ပတဲ့အပြုံးလေးတစ်ခု ပိုင်ဆိုင်နိုင်ဖို့ဆိုတာ သွားဖြူဖြူလေးတွေနဲ့ အနံ့အသက်ကင်းတဲ့ ခံတွင်းဖြစ်ဖို့ အရေးကြီးပါတယ်နော်။
ဒါပေမယ့် သင့်သွားတွေက ဝါနေမယ်၊ ခံတွင်းနံ့ကဆိုးနေမယ်ရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိတော့ဘဲ စိတ်ညစ်နေရမှာ အမှန်ပါဘဲနော်။ ဒါကြောင့် တောက်ပတဲ့ အပြုံးလေးတွေပိုင်ဆိုင်နိုင်ဖို့အတွက် ခံတွင်းကို ဂရုစိုက်ရမယ့် နည်းလမ်းလေးတွေ ဝေမျှလိုက်ပါတယ်နော်။

သွားတိုက်တံကောင်းကောင်းသုံးပါ

သွားတိုက်တဲ့အခါ ပါးစပ်တစ်ဝိုက် သက်တောင့်သက်သာရှိစေဖို့  သေးတဲ့ခေါင်း၊ အမွေးအမှင်တွေပါတဲ့ သွားပွတ်တံတစ်ခုနဲ့ ကိုင်တွယ်ရလွယ်ကူတဲ့ လက်ကိုင်ဖြစ်ဖို့ အရေးကြီးပါတယ်။ သွားတိုက်တံကို သုံးလတစ်ကြိမ် ဒါမှမဟုတ် အမွေးအမှင်တွေပျော့လာတဲ့အခါမျိုး၊ ဟောင်းလာတာမျိုးဆိုရင်  သွားတိုက်တံကို လဲဖို့ အချိန်တန်ပါပြီ။

သွားခနခနမတို်က်ပါနဲ့

သွားခနခနတိုက်တာဟာ သွားဖုံးတွေနာပြီး သွားရဲ့ အမြစ်တွေကို ပျက်စီးစေနိုင်တာကြောင့် ဆွေးမြေ့ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အခါ တစ်ခါတိုက်ရင် နှစ်မိနစ်လောက်  နံနက်နဲ့  ည ပုံမှန်တိုက်ပေးရင် လုံလောက်ပါပြီ။

Dental Floss သုံးပေးပါ

သွားမှာကပ်နေတဲ့ အညစ်အကြေးတွေက သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများကို ဖြစ်စေနိုင်တာမလို့ Dental Floss ကို တစ်နေ့တစ်ကြိမ် သုံးပေးပါ။ Dental Floss  က သွားမှာကပ်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းပါဘဲ။

သကြားပါတဲ့ အစားအစာတွေရှောင်ပါ

အစားအသောက်ထဲမှာ သကြားပါတဲ့ အစားအစာတွေက သွားပိုးစားခြင်းကိုဖြစ်စေတာမလို့သကြားလျှော့စားလေ၊ သွားတွေ ပိုကောင်းလေပါပဲ။

လျှာနဲ့စစ်ကြည့်ပါ

သွားတိုက်ပြီးတာနဲ့ သွားတွေကို ထိထိရောက်ရောက် သန့်စင်ပေးနိုင်ရဲ့လားဆိုတာ သိချင်ရင် လျှာနဲ့ သွားတွေကို ပွတ်ကြည့်ပါ။ ချောမွေ့နေတယ်ဆိုရင်တော့ သွားတိုက်ခြင်းလုပ်ငန်း အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။

ရေများများသောက်ပါ

ခံတွင်းကို အစိုဓာတ်ထိန်းဖို့က တကယ်ကို အရေးကြီးပါတယ်။ ခံတွင်းခြောက်နေရင် သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါတို့ကို ပိုဖြစ်စေနိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဆေးတွေ ပိုသောက်တတ်ရတာကြောင့် ရေများများသောက်ပေးသင့်ပါတယ်။ ရေများများသောက်ပြီး ရေဓာတ်ကို ကောင်းစွာထိန်းထားခြင်းက ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေမှာပါ။

ပုံမှန်စစ်ဆေးပါ

သွားနာ သွားကိုက် သွားဖုံးရောင်စတဲ့ သွားနဲ့ပတ်သတ်ပြီး တစ်ခုခုခံစားနေရပြီဆိုရင် သွားဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။ တစ်နှစ်မှာ နှစ်ကြိမ် သွားဆရာဝန်နဲ့ တွေ့ပြီး ပုံမှန်စစ်ဆေးမှုလည်း ပြုလုပ်သင့်ပါတယ်။