စက်တင်ဘာလ ၁၉ ရက်နေ့ ၊ ၂၀၁၈ ခုနှစ် – မြန်မာနိုင်ငံရှိ Unilever ၏ ထိပ်တန်း သွားကျန်းမာရေး အလေးပေး အမှတ်တံဆိပ်တစ်ခုဖြစ်သော ဆစ်ဂနယ်သည် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂,၄၉၉ ယောက် ပါဝင်သည့် ကမ္ဘာ့အကြီးဆုံး သွားနှင့် ခံတွင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကြီးအားကျင်းပပြီး ကမ္ဘာ့စံချိန်သစ်တင်မှုကို ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့အစည်းက အတည်ပြုပေးလိုက်ပါပြီ။ ယခုကဲ့သို့ ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်နိုင်သူဖြစ်လာသော ဆစ်ဂနယ်၏ အောင်မြင်မှုသည် မြန်မာနိုင်ငံရှိ မိသားစုများအတွက် သွားပိုးပေါက်ကင်းစင်သော အနာဂတ်ဖော်ဆောင်မှု ရည်ရွယ်ချက်အတွက် ကြိုးစားလုပ်ဆောင်မှုများကို ပိုမို၍ အထောက်အကူပြုစေနိုင်မည်ဖြစ်ပါတယ်။

“ဆစ်ဂနယ်အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ အခုလို ဂင်းနစ်ကမ္ဘာ့စံချိန်တစ်ခုကို အောင်အောင်မြင်မြင် စံချိန်တင်လိုက်နိုင်တဲ့အတွက် မြန်မာနိုင်ငံအတွက်ရော မြန်မာနိုင်ငံက ကလေးတွေအတွက်ကိုပါ အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ဆစ်ဂနယ်အနေနဲ့ သုံးစွဲသူပြည်သူတွေအတွက် အရည်အသွေးမြင့် သွားတိုက်ဆေးတွေ မိတ်ဆက်ပေးနေတဲ့အပြင် ကလေးငယ်တွေနဲ့ မိသားစုတွေကိုလည်း မှန်ကန်တဲ့ သွားနဲ့ခံတွင်း ကျန်းမာသန့်ရှင်းရေး အလေ့အထတွေကို စဉ်ဆက်မပြတ် မျှဝေပေးနေတာပါ။ ဆစ်ဂနယ်နဲ့အတူ ဂင်းနစ်စံချိန် ချိုးသူ တွေဖြစ်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အားလုံးအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောချင်ပါတယ်” ဟု ဆစ်ဂနယ်၏ Senior Brand Manager ဖြစ်သူ မဇင်မျိုးထက်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ ထိပ်တန်းသွားကျန်းမာရေး အမှတ်တံဆိပ် ဆစ်ဂနယ်သည် ရန်ကုန်တိုင်း၊ တာမွေမြို့ နယ်နှင့် သင်္ကန်းကျွန်းမြို့နယ်ရှိ အခြေခံပညာကျောင်း ၁၆ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂,၅၀၀ ယောက်ဖြင့် ဂင်းနစ်စံချိန်ချိုးပွဲကို သြဂုတ်လ၊ ၁၇ရက်နေ့၊ ၂၀၁၈ခုနှစ်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏ၌ ကျင်းပခဲ့ပါတယ်။ သွားနှင့်ခံတွင်း ကျန်းမာရေးအသင်းမှ ဆရာဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာမောင်မောင်မြင့်နှင့် ဒေါက်တာ နှင်းနွယ်ဖြိုးတို့မှလည်း မှန်ကန်သော သွားနှင့်ခံတွင်းကျန်းမာရေး သင်ခန်းစာများကို သင်ကြားပို့ချခဲ့ကြပါတယ်။

“အခုလို မြန်မာနိုင်ငံအတွက် အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်အောင် ကြိုးစားခဲ့တဲ့ ဆစ်ဂနယ် သွားတိုက်ဆေးအတွက် များစွာဂုဏ်ယူမိပါတယ်။ ဆစ်ဂနယ်က မြန်မာနိုင်ငံရှိ မိသားစုတွေအားလုံးအတွက် ကမ္ဘာ့အဆင့်မီ သွားတိုက်ဆေးတွေ ထောက်ပံ့ပေးရုံမကပဲ မှန်ကန်တဲ့ သွားနဲ့ခံတွင်း အလေ့အကျင့်တွေ ရှိနေအောင် တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းကူညီကြတဲ့အတွက်လည်း များစွာကျေးဇူးတင်ရှိပါတယ်”ဟု စံချိန်ချိုးပွဲကို ပါဝင်ဆင်နွှဲခဲ့သော မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း၏ ဥက္ကဌဖြစ်သူ ပါမောက္ခ ဒေါက်တာသိန်းကြူက ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ ပညာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း၊ အားကစားနှင့် ကာယသိပ္ပံဦးစီးဌာနမှ တာဝန်ရှိသူများ၊ Unilever မှ ဝန်ထမ်းများနှင့် တာမွေနှင့် သင်္ကန်းကျွန်းမြို့နယ် အခြေခံပညာကျောင်း ၁၆ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၂,၅၀၀ ကျော်တို့သည် စံချိန်ချိုးပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်မိခင်တစ်ဦးလည်းဖြစ်သော ဆစ်ဂနယ် Brand Endorser အကယ်ဒမီ သက်မွန်မြင့်လည်းအခမ်းအနားကို တက်ရောက်အားပေးခဲ့ပါတယ်။

“ဒီ ကြိုးပမ်းမှုကြီး ဖြစ်မြောက်အောင် အဖက်ဖက်က ကူညီပေးတဲ့ အစိုးရအဖွဲ့အစည်း အသီးသီးက တာဝန်ရှိသူတွေ၊ ဆရာဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ ဆစ်ဂနယ် Brand Endorser မသက်မွန်မြင့်၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း၊ UnileverEAC မှ ဝန်ထမ်း တွေ၊ ပိုင်းဝန်းပံ့ပိုးကူညီကြတဲ့ စေတနာ့ဝန်ထမ်းတွေ၊ ဝိုင်းဝန်းလုပ်ကိုင်ပေးတဲ့ အေဂျင်စီတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဆစ်ဂနယ် သွားတိုက်ဆေးကလည်း မြန်မာနိုင်ငံရှိ မိသားစုတွေ အားလုံးရဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးကို အမြဲဂရုစိုက်ကာကွယ်ပေးသွားမှာပါလို့ ကတိပေးပါတယ်” ဟု မဇင်မျိုးက ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။

ဆစ်ဂနယ်သည် မြန်မာနိုင်ငံ၏ သွားနှင့်ခံတွင်း ကျန်းမာရေး မြင့်တင်သည့် အစီအစဉ်များကို ၂၀၁၃ ခုနှစ်မှ စတင် လုပ်ဆောင်ခဲ့တာပါ။ ကျောင်းသား ကျောင်းသူများအား သွားနှင့်ခံတွင်းကျန်းမာရေး၏ အရေးကြီးပုံများကို ကောင်းမွန်စွာ အသိပညာပေးနိုင်ရန် “Brush Day and Night” အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ရာမှ ယခုအခါတွင် ဆစ်ဂနယ်သည် သွားနှင့်ခံတွင်း ကျန်းမာရေးအသိပညာကို မြန်မာနိုင်ငံရှိ လူဦးရေ ၁၆ သန်းအထိ ရောက်ရှိ အသိပညာပေးနိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် လူသန်းပေါင်း ၃၀ အား ခံတွင်းသန့်ရှင်းရေး စံနှုန်းများ မျှဝေပေးနိုင်ရန်လည်း ရည်ရွယ်ထားပါတယ်။

Unilever Myanmar အကြောင်း

Unilever သည် မြန်မာနိုင်ငံတွင် ရှေးကနဦးကတည်းက လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ကုမ္ပဏီ၏ များပြား လှသော ကုန်ပစ္စည်းမျိုးစုံသည်လည်း မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် ရရှိနိုင်နေပြီ ဖြစ်ပါတယ်။ Unilever သည် ကမာတ္ဘ စ၀ှ်မ်း ကျော်ကြားသော ကုန်ပစ္စည်းများစွာကို ထုတလ်ုပ်ပြီး မြန်မာနိုင်ငံတွင် ရရှိနိုင်သော ကုမ္ပဏီ၏ အမှတ်တံဆိပ်များ တွင် Clear၊ Close Up၊Domi၊ Dove၊ Elan၊ Fair & Lovely၊ Family Care၊ Knorr၊ LifeBuoy၊ Lux၊ Miss၊ Pond’s၊ Rose၊Signal၊ Sunsilk၊ Vaseline၊ Sunlight၊ Win နှင့် 3D တို့ ပါဝင်ပါတယ်။

ဆစ်ဂနယ်အကြောင်း

ဆစ်ဂနယ်မှ ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ၏ သွားနှင့်ခံတွင်းကျန်းမာရေး တိုးတက်လာစေရန်အတွက် ဓါတ်ခွဲခန်းအသိအမှတ်ပြု ကုန်ပစ္စည်းများကို ထောက်ပံ့လာခဲ့သည်မှာ နစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးသွားကျန်းမာရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် FDI မှ ဆစ်ဂနယ်ကဲသို့သော ဖလိုရိုက်ပါဝင်သည့် သွားတိုက်ဆေးဖြင့် တစ်နေ့နှစ်ကြိမ်သွားတိုက်ခြင်းက ခံတွင်းကျန်းမာရေးအတွက် အကျိုးသက်ရောက်မှု ကောင်းသည်ဟုသော ထောက်ခံချက်များလည်း ရရှိထားပါတယ်။

ဆစ်ဂနယ်သွားတိုက်ဆေးကို ၂ဝ၁၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင်စတင်ဖြန့်ဖြူးခဲ့ပြီး လက်ရှိတွင် ကလေးငယ်များ၏ ခံတွင်းကျန်းမာရေးကို မြှင့်တင်ပေးရန်အတွက် ပြည်တွင်းပြည်ပမှ သွားအထူးကုဆရာဝန်များနှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိပါတယ်။ ဆစ်ဂနယ်မှ မြန်မာနိုင်ငံအတွင်း ၁၆ သန်းသောပြည်သူများအား သွားနှင့်ခံတွင်းကျန်းမာရေးနှင့်သက်ဆိုင်သော အလေ့အကျင့်ကောင်းများ ဝေမျှပေးခြဲ့ပီး ၂ဝ၂ဝ ခုနှစ်တွင်လည်း မြန်မာနိုင်ငံရှိ လူသန်းပေါင်း ၃၀ အား ရောက်ရှိ ပညာပေးနိုင်ရန် ရည်ရွယ်ထားပါတယ်။