ဆံကေသာအလှဆိုတာ ကျွန်မတို့မိန်းမသားတွေအတွက်တော့ သိပ်ကိုအရေးပါလှပါတယ်။ မိန်းမသားတွေရယ်မှမဟုတ်ပါဘူး။ အလှပအတွက် ဆံကေသာအလှတရားဟာလည်း တစ်ခုအပါအဝင်ပါ။ နေရောင်ချည်ထိတွေ့တာ၊ ဆံပင်ဆေးဆိုးတာ၊ ဆေးအရောင်ချွတ်တာ၊ ဆံပင်ဖြောင့်တာ၊ ကောက်တာတွေနဲ့ ဆံကေသာကို ထိခိုက်ပျက်စီးစေတဲ့ အပူပေးစက်တွေ မကြာခဏသုံးတာဟာ ဆံပင်ကို ထိခိုက်ပျက်စီးစေလို့ ဆံပင်လည်းကျွတ်စေပါတယ်။

ပါဝင်ပစ္စည်း

နို့ ၂ ခွက်

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

တစေး (Yeast) ၂၀ ဂရမ်

ပြုလုပ်နည်း

ခွက်တစ်လုံးထဲကို ပါဝင်ပစ္စည်းတွေအားလုံးရောလိုက်ပါ။ ပြီးရင်သေချာမွှေလိုက်ပါ။ ဆံပင်အခြောက်ပေါ်မှာ လိမ်းပေးပါ။ ဆံကေသာအရင်းကနေအဖျားထိအပါအဝင် ဦးရေပြားကိုပါလိမ်းပေးပြီး လက်နဲ့ သေချာလေးပွတ်ပေးပါ။ အားလုံးကို သေချာနှံ့သွားအောင်လိမ်းပါ။

ပြီရင်တော့ ၁၅ မိနစ် မိနစ် ၂၀ လောက် Shower Cap စောင်းပေးထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပါ။

ဒီနည်းလမ်းဟာ သင့်ဆံကေသာကိုသဘာဝအတိုင်း သန်စွမ်းစေမှာဖြစ်ပြီး ပျက်စီးနေတဲ့ ဆံကေသာကိုလည်း ပြုပြင်ပေးနိုင်မှာဖြစ်သလို ဆံပင်အုံလည်း ထူလာစေမှာဖြစ်ပါတယ်။