ဓါတုပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကြောင့် ဆံပင်ဖြူတာ ဆံပင်တွေခဏခဏ ကျွတ်တာတွေဖြစ်လို့ စိတ်ညစ်မနေပါနဲ့တော့နော်. စိတ်ညစ်ပြီး စိတ်ဖိစီးမှုတွေများရင် ဆံပင်ပိုကျွတ်ပါတယ်။ သဘာဝနည်းလမ်းလေးနဲ့ အဖြေရှာလိုက်ရအောင်။

ပါဝင်ပစ္စည်း

ကြက်ဥအနှစ် ၁ လုံး

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်ဆူဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်လုံးတည်း အတူတူရောပြီး မွှေလိုက်ပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံကေသာအရင်းကနေ အဖျားထိလိမ်းပေးမယ်။ ပြီးရင် ဦးရေပြားကို ၅ မိနစ်လောက် ညှင်သာစွာနှိပ်ပေးပါ။ အာဟာရဓါတ်တွေ အာနိသင်တွေအားလုံး ဦးရေပြားထဲ စိမ့်ဝင်သွားမှာဖြစ်ပါတယ်။ ပြီးရင် ၁ နာရီ ၂ နာရီလောက်ထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပေးပါ။

ချက်ချင်းကြီးတော့ သိသာမှာမဟုတ်ပါဘူးနော်။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။ ၁ လလောက်ဆိုရင် သိသာလာမှာဖြစ်ပါတယ်။