ဆံပင်တွေကျွတ်တာ ဆံသားပျက်ဆီးတာတွေကြောင့် ဆံပင်ရှည်လာတာ ကြာလို့ စိတ်ညစ်နေလား။ ဒါဆိုရင်တော့ ဓါတုပစ္စည်းမပါဘဲ သဘာဝနည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်နော်။

ပဲနံ့သာစေ့နဲ့ အုန်းဆီ

ပဲနံ့သာစေ့ မှာ ပရိုတင်းနဲ့ ပိုတက်ဆီယမ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဆံပင်တွေကို အာဟာရဓါတ်ဖြည့်စွမ်းနိုင်လို့ ဆံပင်အရှည်မြန်စေပါတယ်။

ဘယ်လိုသုံးမလဲ

ပဲနံ့သာစေ့ကို စားပွဲတင်ဇွန်း ၁ဇွန်းလောက်ကို ညလုံးပေါက် ရေစိမ်ထားပါ။ ပြီးရင်တော့ အမှုန့်ဖြစ်အောင် ကြိတ်လိုက်ပြီး အုန်းဆီ (သို့) ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ပြီးရင်တော့ ဦးရေပြားနဲ့ ဆံသားအမြစ်ကနေ အဖျားထိလိမ်းပေးရမှာဖြစ်ပါတယ်။ ပြီးရင် နာရီဝက်လာက်ထားပါ။ အဲဒီနောက် ရေနွေးတယ်ဆိုရုံလောက်ရယ် ခေါင်းလျှော်ရည်နဲ့ လျှော်ချပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးရမှာဖြစ်ပြီး ၁ လတိတိလုပ်ပေးရင်း ဆံပင်တွေ ထူလာမှာဖြစ်ပါတယ်။

ကြက်ဆူဆီ နဲ့ အုန်းဆီ

ကြက်ဆူဆီဟာ သဘာဝအတိုင်း ဆံနွယ်တွေကို အရောင်တောက်စေပြီး ထူစေပါတယ်။ ဒါ့အပြင် ဆံသားပျက်ဆီးခြင်းကို ကာကွယ်ပေးတဲ့ ဖက်တီးအက်ဆစ်နဲ့ ဗီတာမင် အီး ကြွယ်ဝစွာပါဝင်ပါတယ်။

ဘယ်လိုလုပ်မလဲ

ခွက်အသေးတစ်လုံးထဲမှာ အုန်းဆီနဲ့ ကြက်ဆူဆီ စားပွဲတင်ဇွန်း ၂ ဇွန်းဆီထည့်ပြီး မွေပေးပါ။ ပြီးရင် ဦးရေပြားပေါ်မှာလိမ်းပြီး ခပ်ဖွဖွ နှပ်ပေးပါ။ ပြီးရင်တော့ တဘက်နဲ့ ၁ နာရီလောက်ပေါင်းထားပေးပါ။ ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ သေချာပြောင်အောင်လျှော်ပါ။ အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်လုပ်ပေးရပါမယ်။ ၁ လတိတိလုပ်ပေးရင် ဆံသားတွေ တောက်ပြောင်သန်စွမ်းလာမှာဖြစ်ပါတယ်။

ကြက်ဥ နဲ့ သံလွင်ဆီ

ကြက်ဥမှာ သဘာဝပရိုတင်းဓါတ်တွေပါဝင်ပြီး ဆံသားတွေကို တောက်ပြောင်သန်စွမ်းစေပါတယ်။

ဘယ်လိုသုံးမလဲ

ကြက်ဥအနှစ် ၁ လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောပြီး သေချာမွေပေးပါ။ ပြီးရင် ဆံပင်အမြစ်ကနေ အဖျားထိ သေချာလိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ခေါင်းလျှော်ရည်ပေါင်းဆေးတို့ နဲ့ လျှော်ချပေးပါ။ တစ်လလောက်ဆိုရင် သိသာလာမှာ ဖြစ်ပါတယ်။