ကိုယ့်ကိုတစ်ချက်ကြည့်လိုက်တာနဲ့ ကိုယ့်ရဲ့ အပြုံးကို လူတွေသတိထားမိစေပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိဖို့ဆိုတာ သွားတွေဖြူဝင်းဖို့ လိုအပ်ပါတယ်။ သွားလေးတွေ ဖြူဖြူဝင်းဝင်းနဲ့ အလှပဆုံး အပြုံးပန်းကိုဆင်နိုင်ဖို့အတွက် မျှဝေပေးချင်ပါတယ်။

ဒါ့အပြင် ခံတွင်းနံ့ ဆိုးဆိုးတွေ ကင်းစင်ဖို့လည်းလိုပါတယ်။ ကျွန်မတို့တွေရဲ့ နေ့စဉ်လူနေမှုဘဝမှာ လူအချင်းချင်း ပြောဆိုဆက်သွယ်ကြရတာကြောင့် သွားလေးတွေကို ဂရုစိုက်သင့်ပါတယ်။ အလှအပတစ်ခုတည်းကြောင့်မဟုတ်ဘဲ သွားနဲ့ ခံတွင်းကျန်းမာရေးဟာ သင့်ရဲ့ ကျန်းမာရေးအတွက်လည်း အရေးပါလှပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကို ရေနည်းနည်းနဲ့ရောပြီး သွားပွတ်တံပေါ်တင်ကာ သွားတိုက်ပေးမယ်ဆိုရင် သွားတွေဖြူဝင်းလာစေမှာဖြစ်ပါတယ်။ သွားမှာရှိတဲ့ သွားချေးတွေ၊ သွားဂျိုးတွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်သွားတိုက်ပေးသင့်ပါတယ်။ ဒါမှမဟုတ် Sodium—Icarbonate ပါဝင်တဲ့ သွားတိုက်ဆေးကို ဝယ်ယူအသုံးပြုသင့်ပါတယ်။

အုန်းဆီ

အုန်းဆီကို လူတွေအများအားဖြင့်တော့ ဆံကေသာအတွက်ပဲ အသုံးပြုကြပါတယ်။ အုန်းဆီနဲ့ သွားတိုက်ပေးတာက သွာကိုဖြူဝင်းစေပါတယ်။ သွားပိုးစားခြင်း သွားဝါခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ အရင်ဆုံး အုန်းဆီကို ပါးစပ်ထဲထည့်ပြီး ပလုတ်ကျင်းပေးပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက် ပါးစပ်ထဲမှာထားပြီး ထွေးထုတ်လိုက်ပါ။ ပြီးရင် သွားပွတ်တံနဲ့ သွားပြန်တိုက်ပေးပါ။ ခံတွင်းနံ့ကိုလည်း လန်းဆန်းစေပါတယ်။

လိုက်နာရမယ့်အချက်လေးတွေ

ဖြူဝင်းတဲ့သွားကို ပိုင်ဆိုင်စေဖို့အတွက် ကော်ဖီသောက်ပြီးရင် သွားတိုက်ပေးပါ။ မသောက်ရင်တော့ အကောင်းဆုံးပါပဲ။ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ ဝိုင် ၊ ချော့ကလက်၊ သစ်သီးယိုတို့လို စေးကပ်တဲ့အစားအစာတွေ စတဲ့ သွားတွေကို ညစ်ညမ်းစေတဲ့ အစားအသောက်တွေ စားပြီးရင် သွားကိုမဖြစ်မနေ တိုက်ပေးသင့်ပါတယ်။

တစ်နေ့ကို ပီကေ ၂ ခုလောက်ဝါးပေးပါ။

ညအိပ်ယာမဝင်ခင် သွားတိုက်ဖို့လုံးဝမမေ့ပါနဲ့။

သွားတိုက်ရင် အနည်းဆုံး အချိန် ၂ မိနစ်လောက်ယူပါ။

အလှဆုံးပြုံးလိုက်ပါ။

ဖြူဝင်းတဲ့ သွားလေးတွေနဲ့ဆို စာဖတ်သူတို့ကို ယုံကြည်မှုတိုးစေမှာ မလွဲဧကန်ပါပဲ။ အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းလေးတွေကိုလိုက်နာပြီး သွားတိုက်ပေးရင် လှပဖြူဝင်းတဲ့သွားလေးတွေကို ရရှိပိုင်ဆိုင်စေမှာပါနော်။ ကဲ အလှဆုံးပြုံးလိုက်ရအောင်။