ဆံပင်ကျွတ်တာဟာ လူတိုင်းနီးပါးကြုံတွေ့နေရတတ်ပါတယ်။ ဒါပေမယ့် ဘာ့ကြောင့် ဆံပင်ကျွတ်တာလဲဆိုတာသိမှ ဘယ်လိုကာကွယ်ရမလဲဆိုတာကို သိမှာဖြစ်ပါတယ်။ ဘာကြောင့်ဆိုတဲ့အဖြေမရှာဘဲ ဆံပင်မကျွတ်တဲ့ ခေါင်းလျှော်ရည်တွေ ပေါင်းဆေးတွေ ဘယ်လောက်သုံးသုံး အချည်းအနှီးပါပဲ။

ဆံပင်ကို ပုံစံအမျိုးမျိုးလုပ်ခြင်း

ဆံပင်ပုံစံကို အမျိုးမျိုးလုပ် ပုံသွင်းတာဟာ ဆံပင်ကျွတ်စေပါတယ်။ ဒါတင်မကသေးပါဘူး။ ဆံဖြားနှစ်ခွဖြစ်တာ ဆံပင်ကြမ်းတာတွေလည်း ဖြစ်စေပါတယ်။

ဆံပင်ပုံစံ တစ်မျိုးတည်းပဲ စွဲစွဲမြဲမြဲလုပ်ခြင်း

ဆံပင်စည်းမယ်ဆို အမြဲတမ်း စည်းပဲစည်းတာ၊ ကျစ်ဆံမြီးဆိုလည်း အမြဲတမ်းကျစ်တာတွေကလည်း ဆံပင်ကျွတ်စေပါတယ်။

ဟော်မုန်းကြောင့်

ဟော်မုန်းမညီမျှတာကလည်း ဆံပင်ကျွတ်စေပါတယ်။ ဒါ့ကြောင့်လည်း ဟော်မုန်းညီစေတဲ့ ဟော်မုန်းမျှတစေတဲ့ အစားအစာတွေ စားပေးသင့်ပါတယ်။

ကိုယ်ဝန်တားဆေးတွေ

ကိုယ်ဝန်တားဆေးတွေ စားနေတဲ့အမျိုးသမီးတွေမှာလည်း ဆံပင်ကျွတ်တာမျိုးဖြစ်စေပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှုများတာဟာ ကျန်းမာရေးကို ထိခိုက်စေရုံသာမက ဆံပင်လည်း ကျွတ်စေပါတယ်။ စိတ်ဖိစီးမှုလျှော့ကျစေတဲ့ အစားအစာတွေ များများစားပေးပါ။ အိပ်ချိန်ပုံမှန်အိပ်ပါ။

အဟာရဓါတ်ချို့တဲ့ခြင်း

အစာရှောင်လွန်းတာ၊ အစားသိပ်မစားတာတွေ၊ အဟာရဓါတ်ညီညွှတ်မျှတအောင်မစားတာတွေက ဆံပင်ကျွတ်စေပါတယ်။

ခေါင်းလျှော်ရည်အလုံအလောက်နဲ့မလျှော်ခြင်း

ခေါင်းလျှော်ရည်လျှော့ပြီးသုံးတာ၊ ခေါင်းလျှော်ရင်ခေါင်းလျှော်ရည်သိပ်မသုံးတာတွေကလည်း ဆံပင်ကျွတ်ဖို့ ပိုအားပေးပါတယ်။ ဒါပေမယ့်လည်း ခေါင်းလျှော်ရည်အလွန်အကျွံသုံးမယ်ဆိုလည်း ဆံပင်ကျွတ်နိုင်ပါတယ်။

ဦးရေပြားအခြေအနေကြောင့်

တစ်ချို့ဦးရေပြားက အဆီပြန်တာ ခြောက်သွေ့တာမျိုးရှိပါတယ်။ ကိုယ့်ရဲ့ဦးရေပြားအခြေအနေပေါ်လိုက်ပြီး ခေါင်းလျှော်ရည်ကို ပြောင်းသုံးသင့်ပါတယ်။

ရာသီဥတုအပြောင်းအလဲကြောင့်

ရာသီဥတုအပြောင်းအလဲဖြစ်တာကလည်း ဆံပင်ကျွတ်စေပါတယ်။

ဆံပင်ကျွတ်ရင်ဘယ်လိုလုပ်မလဲ

Stylist တွေကတော့ ဆံပင်အရမ်းကျွတ်တာ ဆံပင်တိုတိုညှပ်ဖို့အကြံပြုကြပါတယ်။ ဆံပင်တိုတာဟာ ဆံပင်ရှည်တာထက် ဆံပင်ကျွတ်နိုင်ချေ ပိုနည်းပါတယ်။ ဆံပင်ပြုပြင်ထိန်းသိမ်းနည်းတွေနဲ့ ထိန်းသိမ်းပါ။