ကိုယ်အလေးချိန်လျှော့ချနေတဲ့သူတွေအတွက် ပိုပြီးအကူအညီဖြစ်စေမယ့် အကျင့်လေး ၆ ခုကို မျှဝေပေးချင်ပါတယ်။ ရိုးရိုးလေးပါပဲ။ သိပ်လည်းအားထုတ်စရာမလိုတာမို့ စာဖတ်သူတို့ လိုက်လုပ်လို့ လွယ်ကူမယ်ထင်ပါတယ်။

အစာအစားခင် ရေသောက်ပေးခြင်း

အစာမစားခင်ရေသောက်ပေးတာဟာ ကိုယ်အလေးချိန်လျှော့ချရာမှာအကူအညီဖြစ်စေပါတယ်။ ဗိုက်ထဲမှာ ရေဖြည့်ထားတာဟာ အစားများများ စားမိတာမျိုးကို ကာကွယ်ပေးလို့ ကိုယ်အလေးချိန်လျှော့ချရာမှာ အကူအညီဖြစ်စေပါတယ်။ အစာချေစနစ်ကိုလည်းကောင်းမွန်စေပါတယ်။

သင်စားမယ့်အစားအစာကို အစီစဉ်ချထားခြင်း

သင်စားမယ့်အစားအစာကို အဆီနည်းနည်းလျှော့ပြီး ချက်ပါ။ အသီးအရွက်များများစားပါ။ မနက်စာကို များများစားပါ။ နေ့လည်စာကို နည်းနည်းလျှော့စားပြီး ညစာကို အသီးအရွက်များများစားပါ။

ကယ်လိုရီများတာကို လျှော့စားပါ။

ကယ်လိုရီလျှော့စားပေးပါ။ သင်စားမယ့်အစားအစာတွေထဲမှာ ကယ်လိုရီလောင်ကျွမ်စေကီး ကယ်လိုရီပါဝင်မှု နည်းတာကို စားပေးပါ။ အဟာရပြည့်ပြည့်၀၀ စားပေးဖို့ အရေးကြီးပါတယ်။ သင်အစားများများစားမယ်ဆိုရင် လေ့ကျင့်ခန်းကို နည်းနည်းပိုလုပ်ပါ။

အိပ်ရေး၀၀အိပ်ပါ။

အိပ်ချိန်ကို ၇ နာရီထားပါ။ အိပ်ရေးဝအောင်အိပ်ဖို့လိုပါတယ်။ ဒါပေမယ့် အလွန်အကျွံအိပ်တာကလည်း မကောင်းပါဘူး။

သင်ဝိတ်ချနေတယ်ဆိုတာသတိရပါ။

ဝိတ်ချဖို့အတွက် သင်လုပ်နေတဲ့ အပြုအမူတွေကို သေချာထိန်းသိမ်းပါ။ တစ်ခုခု များများစားမိတော့မယ်ဆိုရင် သင်ဝိတ်ချနေတယ်ဆိုတာ သတိရပါနော်။ ပြီးတော့ ဆက်ပြီး လုပ်သွားပါ။