ခန္ဓာကိုယ်မှာ အဆီတွေစုနေတာက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒီတော့ ကိုယ်အလေးချိန် လျှော့ချဖို့လိုပါတယ်။ ဒီဖျော်ရည်ကို အစာစားပြီးတိုင်းမှာ သောက်သုံးရမှာပါ။
ပါဝင်ပစ္စည်းတွေကတော့
တရုတ်နံနံပင် ၄၀၀ ဂရမ်
သံပုယိုသီး ၁ ကီလိုဂရမ်
ပြင်ဆင်ခြင်း
တရုတ်နံနံပင်ကို ဓါးနဲ့ ပါးပါးလှီးလိုက်ပြီး ရေ ၂ လီတာဘူးထဲ ထည့်ထားပါ။ ပြီးရင် သံပုယိုသီးကိုလည်း ၁ ကီလိုဂရမ်ကို အရည်ညှစ်ထုတ်ပြီး အဲဒီထဲက အခွံတစ်ချို့ကို ဓါးနဲ့ ပါးပါးလှီးပေးပါ။ ပြီးရင် မိနစ် ၂၀ လောက် သည်ထားပေးပြီး ၅ နာရီ ၆ နာရီလောင်အအေးခံပါ။
စောစောက ညှစ်ထုတ်ထားတဲ့ သံပုယိုရည်ကို စောစောက ပြုတ်ထားတဲ့ အရည်ထဲထည့်ပေးပါ။ ပြီးရင် ဇကာ (သို့) ရေဆစ်နဲ့ဆစ်ချပြီး ဖန်ပုလင်းထဲထည့်ထားပါ။
ဒီဖျော်ရည်ဟာ တစ်ပတ်အတွင်းမှာပဲ ၇ ပေါင်လောက်ကျစေမှာပါ။
သောက်သုံးခြင်း
ဒီဖျော်ရည်ကို မစာမစားခင် တစ်နေ့ ၃ ကြိမ်သောက်ပါ။ တစ်ခါသောက်ရင် ၁၀၀ မီလီလီတာ (၀.၁ လီတာ) လောက်သောက်ပေးပါ။ ရေနဲ့ရောပြီးတော့လည်း သောက်သုံးနိုင်ပါတယ်။
ပြီးရင် ရေခဲသေတ္တာထဲထည့်ထားပေးပါ။
Source: healthylifevision.com