[Unicode]
ဗောက်ပြဿနာဟာ လူတိုင်းနီးပါး နေ့စဉ်လိုလို ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ ဒီပြဿနာကိုဖြေရှင်းဖို့ ဈေးကွက်မှာအလွယ်တကူရနေတဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည်ကို ခဏမေ့ထားလိုက်ပါ။
သဘာဝနည်းလမ်းနဲ့ အဖြေရှာကြမယ်။
ပါဝင်ပစ္စည်း
မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်း
ရေ ၃ ခွက် (၆၇၅ မီလီလီတာ)
ဘူးတစ်ဘူး
ပြုလုပ်နည်း
ဘူးတစ်လုံးထဲကို ရေနဲ့ မုန့်ဖုတ်ဆိုဒါ ရောပြီးထည့်လိုက်ပါ။ ပြီးရင် သေချာရောအောင် ဘူးကို လှုပ်ခါလိုက်ပါ။
ပြီးရင် ကိုယ်ကြိုက်တဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်ေးလျှာ်ပါ။ ခေါင်းလျှော်နေစဉ်မှာ ညင်သာစွာ ကုတ်ပေးပါ။
ပြီးရင် ရေဆေးချလိုက်ပြီး စောစောကလုပ်ထားတဲ့ မုန့်ဖတ်ဆိုဒါနဲ့ ရေကို လောင်းချပါ။ ဦးရေပြားပေါ်ကနေ ဆံဖျားထို စိုစွတ်အောင်လောင်းပါ။
ပြီးရင် ရေထပ်ဆေးချပါ။
အဲဒီနောက်ပေါင်းဆေးသုံးပြီး ရေထပ်ဆေးပါ။
နည်းလမ်း ၂
ပါဝင်ပစ္စည်း
မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်း
ရေနွေး ခွက်တစ်ဝက် (၁၁၂ .၅၀ မီလီမီတာ)
ခွက်အသေး ၁ လုံး
ပါဝင်ပစ္စည်း ၂ မျိုးလုံးကိုရောလိုက်ပြီး မွှေလိုက်ပါ။
ပြီးရင် ခေါင်းကိုရေဆေးချပြီး မုန့်ဖုတ်ဆိုဒါကို ဦးရေးပြားပေါ်မှာလိမ်းပေးပါ။ ပြီးရင် လက်ချောင်းလးတွေနဲ့ ပွတ်ပြီးလိမ်းပေးပါ။
မိနစ်အနည်းငယ်လောက်ထားပါ။
အဲဒီနောက် ရေဆေးချပါ။ ပြီးရင် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ချပြီး ပေါင်းဆေးသုံးပါ။
[Zawgyi]
ေဗာက္ျပႆနာဟာ လူတိုင္းနီးပါး ေန႔စဥ္လိုလို ႀကံဳေတြ႔ေနရတဲ့ ျပႆနာတစ္ခုပါ။ ဒီျပႆနာကိုေျဖရွင္းဖို႔ ေစ်းကြက္မွာအလြယ္တကူရေနတဲ့ ေဗာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ကို ခဏေမ့ထားလိုက္ပါ။
သဘာ၀နည္းလမ္းနဲ႔ အေျဖရွာၾကမယ္။
ပါ၀င္ပစၥည္း
မုန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၂ ဇြန္း
ေရ ၃ ခြက္ (၆၇၅ မီလီလီတာ)
ဘူးတစ္ဘူး
ျပဳလုပ္နည္း
ဘူးတစ္လံုးထဲကို ေရနဲ႔ မုန္႔ဖုတ္ဆိုဒါ ေရာၿပီးထည့္လိုက္ပါ။ ၿပီးရင္ ေသခ်ာေရာေအာင္ ဘူးကို လႈပ္ခါလိုက္ပါ။
ၿပီးရင္ ကိုယ္ႀကိဳက္တဲ့ ေခါင္းေလွ်ာ္ရည္နဲ႔ ေခါင္ေးလွ်ာ္ပါ။ ေခါင္းေလွ်ာ္ေနစဥ္မွာ ညင္သာစြာ ကုတ္ေပးပါ။
ၿပီးရင္ ေရေဆးခ်လိုက္ၿပီး ေစာေစာကလုပ္ထားတဲ့ မုန္႔ဖတ္ဆိုဒါနဲ႔ ေရကို ေလာင္းခ်ပါ။ ဦးေရျပားေပၚကေန ဆံဖ်ားထို စိုစြတ္ေအာင္ေလာင္းပါ။
ၿပီးရင္ ေရထပ္ေဆးခ်ပါ။
အဲဒီေနာက္ေပါင္းေဆးသံုးၿပီး ေရထပ္ေဆးပါ။
နည္းလမ္း ၂
ပါ၀င္ပစၥည္း
မုန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၂ ဇြန္း
ေရေႏြး ခြက္တစ္၀က္ (၁၁၂ .၅၀ မီလီမီတာ)
ခြက္အေသး ၁ လံုး
ပါ၀င္ပစၥည္း ၂ မ်ိဳးလံုးကိုေရာလိုက္ၿပီး ေမႊလိုက္ပါ။
ၿပီးရင္ ေခါင္းကိုေရေဆးခ်ၿပီး မုန္႔ဖုတ္ဆိုဒါကို ဦးေရးျပားေပၚမွာလိမ္းေပးပါ။ ၿပီးရင္ လက္ေခ်ာင္းလးေတြနဲ႔ ပြတ္ၿပီးလိမ္းေပးပါ။
မိနစ္အနည္းငယ္ေလာက္ထားပါ။
အဲဒီေနာက္ ေရေဆးခ်ပါ။ ၿပီးရင္ ေခါင္းေလွ်ာ္ရည္နဲ႔ ေခါင္းေလွ်ာ္ခ်ၿပီး ေပါင္းေဆးသံုးပါ။