ဆံကေသာဆိုတာ ကျွန်မတို့ မိန်းကလေးတို့ရဲ့ ဒုတိယမျက်နှာပါပဲ။

အလှအပဆိုင်ရာမှာ ဆံကေသာ၏ကောင်းခြင်းကို မေ့ထားလို့ရမယ်မထင်ပါဘူး။ ကျွန်မတို့ရဲ့ ဆံသားတွေဟာ ကိုယ်နေ့စဉ်ထိတွေ့နေရတဲ့ ဓာတုပစ္စည်းတွေကြောင့် ကြမ်းတမ်းပျက်စီးနေတာ လူတိုင်းအသိပါပဲ။ ဆံကေသာကို ၁၀ ရက်အတွင်း ပြန်လည်သန်စွမ်းစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးပါမယ်။

၁။ စားသုံးပေးသင့်တဲ့အစားအစာတွေ

၁၀ ရက်အတွင်း သံဓာတ်၊ ပရိုတင်းဓာတ်၊ သတ္တုဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်ဆစ်စတဲ့ အဟာရဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးပါ။ အစားအာဟာရဟာ ဆံကေသာ ကောင်းခြင်းအတွက်အရေးပါပါတယ်။

၂။ ဦးရေပြားကို နှိပ်ပေးမယ်။

ဦးရေပြားကို ခေါင်းမလျှော်ခင် ခပ်ဖွဖွလေးနှိပ်ပေးတာဟာ ဆံကေသာကို ကျန်းမာသန်စွမ်းစေပါတယ်။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အုန်းဆီ (သို့) သံလွင်ဆီလိမ်းပြီး နှိပ်ပေးရင်လည်း ကောင်းမွန်ပါတယ်။

၃။ အဖျားလေးတွေကို တိပေးမယ်။

ဆံကေသာအဖျားလေးတွေကို တိပေးပါ။ ဆံကေသာအဖျားလေးတွေ ခြောက်သွေ့ကြမ်းတမ်းနေရင် ညှပ်ပစ်ဖို့ နှမြောမနေပါနဲ့။

၄။ စိတ်ဖိစီးမှုလျှော့ချမယ်။

စိတ်ဖိစီးမှုလျှော့ချစေဖို့ အသက်ရှုလေ့ကျင့်ခန်းတွေ၊ ကမ္မဌာန်းထိုင်တာတွေမျိုး လုပ်ပေးသင့်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချပေးတာဟာ ဆံကေသာကို ကျန်းမာသန်စွမ်းစေပါတယ်။

၅။ သဘာဝနည်းလမ်းနဲ့ပေါင်းတင်မယ်။

ဆံကေသာ ကျန်းမာသန်စွမ်းစေဖို့ ဒိန်ချဉ်၊ ကြက်ဥ ၊ ပျားရည် စတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ ပေါင်းတင်ပေးသင့်ပါတယ်။

ရှောင်ရမယ့်အချက်တွေ

ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေရှောင်မယ်။ ဆံပင်ကောက်တာ ဖြောင့်တာ ပုံသွင်းတာ ဆံပင်အခြောက်ခံစက်မှုတ်တာ၊ နေရောင်ချည် ပြင်းပြင်းနဲ့ တိုက်ရိုက်ထိတွေ့တာရှောင်မယ်။ ဓာတုပစ္စည်းတွေအသုံးမပြုဘဲ သဘာဝခေါင်းလျှော်ရည်သုံးမယ်။