သွားချေးလွှာဆိုတာက သွားရဲ့ ကြွေလွှာပေါ်မှာကပ်နေတဲ့ အဝါရောင် အလွှာလေးပါ။ အဲ့ဒီသွားချေးတွေက Microorganism တွေ ကြီးထွားဖို့ ကူညီပေးပါတယ်။ သွားချေးလွှာတွေများလာရင် သွားကျောက်တည်တာတွေဖြစ်လာပြီး သွားခိုင်မာမှုတွေကို ဖျက်ဆီးပြီး သွားဖုံးတွေကို ထိခိုက်နိုင်ပါတယ်။

ဒါ့ကြောင့် သွားချေးလွှာတွေကို ဖယ်ရှားနိုင်ဖို့ အရေးကြီးပါတယ်။

ပန်သီးရှာလကာရည်

ပန်းသီး ရှာလကာရည်မှာ Organic Acids တွေနဲ့ Antimicrobial တွေပါဝင်တာကြောင့် ပါးစပ်ထဲက pH အဆင့်ကို ထိန်းညှိပေးပါတယ်။ အဲ့ဒီအပြင် သွားချေးလွှာကို ဖယ်ရှားပေးပါတယ်။

ပါဝင်ပစ္စည်းများ

ပန်းသီး ရှာလကာရည် 62 ml

ရေနွေးနွေးလေး 125 ml

ပြုလုပ်နည်း

ပန်းသီးရှာလကာရည်နဲ့ ရေနွေးနွေးလေးနဲ့ ရောလိုက်ပါ။

အဲ့ဒီအရည်နဲ့မနက်တစ်ခါ၊ ညတစ်ခါ ပလုပ်ကျင်းပါ။

နေ့စဉ်လည်း ပလုပ်ကျင်းလို့ရပါတယ်။