ခေါင်းလျှော်ထားတာက မကြာသေးဘူး ဗောက်က ထနေတာမို့ ခဏခဏ ခေါင်းလျှော်နေရတယ်ဆိုတဲ့ သူတွေရှိလား။ ဒါဆိုရင်တော့ ဗောက်ဖြစ်ရတဲ့ အကြောင်းရင်းတွေကို သိရှိထားဖို့လိုပါတယ်။

၁။ စိတ်ဖိစီးမှုကြောင့်

သင့်မှာ အလုပ်နဲ့ရော တခြားကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်ရော စိတ်ဖိစီးမှုဖြစ်နေရင် ဗောက်ထစေပါတယ်။ အသားအရေအတွက်လည်း မကောင်းသလို အရေပြားခြောက်သွေ့ယားယံစေလို့ ဦးရေပြားကိုလည်း ယားယံစေပါတယ်။

၂။ ခေါင်းသေချာမလျှော်ခြင်း

တချို့သူတွေက ခေါင်းလျှော်ရင် သေချာမလျှော်ကြပါဘူး။ ခေါင်းလျှော်ရည်ကိုလည်း ပြောင်အောင် မဆေးကြသလို၊ ခေါင်းကိုလည်း အလုံအလောက် နှိပ်ပေးတာ ကုပ်ပေးတာမျိုး မလုပ်ကြလို့ပါ။ လူတိုင်းသိကြပါတယ်။ အလှပြင်ဆိုင်မှာ ခေါင်းလျှော်ရင် ဘာလို့ ပေါ့ပေါ့ပါးပါးရှိလဲ။ ဘာလို့အချိန်ပိုကြာလဲ။ ပြီးတော့ ဘယ်လောက်ထိ ခေါင်းမယားဘဲ ကြာကြာခံတယ်ဆိုတာကိုလည်း သိထားကြမှာပါပဲ။ အိမ်မှာလျှော်ရင်လည်း စိတ်ရှည်လက်ရှည်လျှော်သင့်ပါတယ်။ ခေါင်းလျှော်ရည်ကိုလည်း သေချာရွေးဝယ်သင့်ပါတယ်။

၃။ အာဟာရဓာတ်ညီညွတ်မျှတအောင်မစားခြင်း

သင့်အသားအရေကောင်းခြင်း ဆံကေသာကောင်းခြင်းဆိုတာ သင်စားမယ့် အစားအစာတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ အာဟာရဓာတ် ညီညွှတ်မျှအောင် မစားရင်တော့ ဗောက်ထစေပါတယ်။

၄။ ဆံကေသာကို အလွန်အကျွံ ပုံသွင်းခြင်း

သင့်ဆံပင်ကို အလွန်အကျွံပုံသွင်းတာဟာ ဆံသားကို ထိခိုက်ပျက်စီးစေသလိုပဲ ဗောက်ထစေပါတယ်။ ဦးရေပြားကို အဆီပြန်စေပြီး ယားယံစေပါတယ်။

၅။ အရေပြားခြောက်ခြင်း (သို့) အဆီပြန်ခြင်း

အရေပြားအရမ်းခြောက်တာ (သို့) အဆီပြန်တတ်တဲ့ အသားအရေဖြစ်တာကြောင့် ဗောက်ထရတာပါ။