ကိုယ်လက်လုပ်ရှားမှုမရှိတာ၊ အာဟာရပြည့်၀အောင်မစားတာတွေကြောင့် ကိုယ်အလေးချိန် များနေတတ်ပါတယ်။ တစ်ချို့ဆိုရင် ပိန်တယ်ထင်ရပေမယ့် ဝမ်းဗိုက်၊ ခါးတွေမှာ အဆီတွေစုနေတတ်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်သလို အစားအသောက်ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းနဲ့ အစားအသောက်က ဆက်စပ်နေပါတယ်။

ဒီဖျော်ရည်ကို နေ့တိုင်းသောက်ပေးတာက ဝမ်းဗိုက်က အဆီတွေကို တစ်ပတ်အတွင်း လျှော့ချပေးနိုင်မှာပါ။

အဓိကပါဝင်တာကတော့ ငှက်ပျောသီးပါ။ ငှက်ပျောသီးကတော့ လူသားတွေရဲ့ကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။

ပါဝင်ပစ္စည်း

Banana slice

ငှက်ပျောသီး ၁ စိတ်

oranges

လိမ္မော်သီး ၁ ဆိတ်

homemade_yogurt_recipe

အဆီပါဝင်မှုနည်းတဲ့ ဒိန်ချည် ခွက်တစ်ဝက်

coconut-oil-1024x682

အုန်းနို့ (သို့) စားတဲ့ အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

flaxseed

နှမ်းကြတ်စေ့ စားပွဲတင်ဇွန်း ၂ ဇွန်း

whey-protein

Whey Powder စားပွဲတင်ဇွန်း ၂ ဇွန်း

ginger

ဂျင်းတစ်ဆိတ်

ပြင်ဆင်ခြင်း

ငှက်ပျောသီး လိမ္မော်သီး ဒိန်ချည် အုန်းဆီ နို့မှုန့် နှမ်းကြတ်စေ့ နဲ့ ဂျင်းအားလုံးကို Blender (ဖျော်စက်) ထဲထည့်ပါ။

ပြီးရင်ဖျော်စက်နဲ့ မွှေလိုက်ပါ (ဖျော်လိုက်ပါ)။

ပြီးရင်ခွက်ထဲထည့်ပြီး ပုံမှန်သောက်ပေးပါ။

အရသာလည်းရှိတဲ့ ဒီဖျော်ရည်ကို ၇ ရက်သောက်ပေးတာဟာ ဝမ်းဗိုက်ကအဆီတွေကို လျှော့ချနိုင်ပြီး ဗိုက်ချပ်ချပ်လေးဖြစ်လာမှာပါ။