နှာစေး နှာပိတ်တဲ့အခါ  ခေါင်းတွေကိုက်ပြီး နေရထိုင်ရတာ တကယ်ခက်ခဲလှပါတယ်။

နှာခေါင်းထဲက ချွဲတွေ၊ အညစ်အကြေးတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ ဒီနည်းလမ်းတွေကို သင်ကြိုးစားကြည့်ပါ။ ဒီနည်းတွေက ခက်ခဲတဲ့အလုပ်မဟုတ်သလို လုပ်ရတာလည်း အရမ်းလွယ်ကူပါတယ်။

Nasal Wash ကိုသုံးပါ

နှာခေါင်းက အညစ်အကြေးများနဲ့  အကျိအချွဲများကို ဖယ်ရှားဖို့ Nasal Wash က ကူညီပေးနိုင်သလို နှာခေါင်းဖြန်းဆေးကိုလည်း သုံးလို့ရပါတယ်။

ကြက်သွန်နီကို ရှူပါ

နှာစေး နှာပိတ်တဲ့အခါ ကြက်သွန်နီတစ်လုံးကို အခွံနွှာ ပါးပါးလှီးပြီး ရှုရှိုက်လိုက်ပါ။ ကြက်သွန်နီက နှာခေါင်းပိတ်တာကို သက်သာစေမယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။

ရေနွေးငွေ့ရှုပါ

ရေ ၃-၄ ခွက်လောက်တည်ပြီး အိုးတစ်လုံးထဲမှာ ထည့်ထားလိုက်ပါ။ မျက်နှာသုတ်ပုဝါတစ်ထည်ကို ခေါင်းပေါ်တင်ပြီး နှာခေါင်းမှတစ်ဆင့် အငွေ့ကိုရှူလိုက်ပါ။ ရေနွေးငွေ့ရဲ့ အစိုဓာတ်နဲ့  အပူက  နှာခေါင်းနဲ့  နှာစေးတွေကို ရှင်းသွားစေပါတယ်။

နှာခေါင်းကိုမှုတ်ပေးပါ

နှာခေါင်းထဲက ဖုန်နဲ့ အကျိအချွဲတွေကို ဖယ်ရှားဖို့ဆို နှာခေါင်းကို ဖြည်းဖြည်းချင်း မှုတ်ကြည့်ပါ။ မှုတ်တဲ့အခါ မျက်လုံးများကိုမှိတ်ထားပြီး ပါးစပ်ကိုဖွင့်ထားပါ။ နှာခေါင်းကို သန့်စင်တဲ့အခါ တစ်ရှူးကို သုံးပါ။

Neti Pot ကိုသုံးပါ

နှာခေါင်ရဲ့ သလိပ်နဲ့ ပိုးမွှားများကို ဖယ်ရှားဖို့ ရေ 1 လီတာထဲမှာ ဆား 10 ဂရမ်ထည့်ကာ ကြက်သီးနွေးဖြစ်တဲ့အထိ အပူပေးပြီး Neti အိုးထဲထည့်ပါ။ လည်ပင်းကို စောင်းပြီး ညာဘက်နှာခေါင်းပေါက်နဲ့ ထိပ်ဖျားကိုထိပါ။ ညာဘက်နှာခေါင်းပေါကနေ ရေကို ရှူပြီး ပါးစပ်ကိုနည်းနည်းဖွင့်ထားပါ ။ ရေက ဘယ်ဘက်နှာခေါင်းကနေ အလိုအလျောက် ထွက်လာမှာပါ။