ဆံပင်ခဏခဏ ကျွတ်လို့ ဆံပင်တွေပါးနေပြီ။ ဆံပင်ရှည်တာလည်းနှေးနေလို့ စိတ်ညစ်နေလား။ ပုံမှန်အားဖြင့် ကျွန်မတို့ဟာ တစ်နေ့ကို ဆံပင်အချောင်း ၁၀၀ လောက်ကျွတ်ကြပါတယ်။ ဆံပင်ကျွတ်တာဟာ ကိုယ်စားတဲ့အစားအစာနဲ့လည်း ဆိုင်သလို၊ စိတ်ဖိစီးမှုများတာ နဲ့အလှကုန်ပစ္စည်းတွေကြောင့်လည်း ပါပါတယ်။

ပျားရည်နဲ့ ကြက်သွန်နီကို ဘာလို့သုံးသင့်သလဲ

ကြက်သွန်နီဟာ ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။ ကြက်သွန်ဖြူမှာ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်ပြီး ဦးရေပြားအတွင်း သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို ဆံပင်ပေါက်တဲ့အမြစ်လေးတွေကိုလည်း သန်စွမ်းစေပါတယ်။ ဒါ့ကြောင့် ဆံကေသာကို သန်စွမ်းစေနိုင်ပါတယ်။

ဦးရေပြားခြောက်သွေ့တာနဲ့ ဦးရေပြားမှာအနာတွေဖြစ်ပေါ်ခြင်းကနေလည်း ကာကွယ်ပေးနိင်ပါတယ်။

ပျားရည်မှာလည်း ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝလို့ သင့်ဆံကေသာကို တောက်ပြောင်သန်စွမ်းစေပါတယ်။

ပါဝင်ပစ္စည်း

ကြက်သွန်နီ ၂ လုံး

ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း

ဗီတာမင် E တစ်တောင့်

လေလုံတဲ့ပုလင်းတစ်လုံး

ပြင်ဆင်ခြင်း

ကြက်သွန်နီကို အခွံခွာလိုက်ပြီး ပါးပါးလှီးကာ ကျိတ်စက်ထဲထည့်ကျိတ်လိုက်ပါ။ ပြီးရင် အရည်ညှစ်ထုတ်လိုက်ပြီး ပုလင်းထဲထည့်ထားပါ။ အဲဒီနောက် ပျားရည်ထည့်လိုက်ပါ။ ဗီတာမင် E ထည့်ပါ။ (ဗီတာမင် E ကိုထည့်မသုံးချင်လည်းရပါတယ်။) ပြီးရင် လေကိုသေချာလုံအောင်ပိတ်ပြီး ပုလင်းကိုလှုပ်ခါလိုက်ပါ။ အဲဒီနောက် အမှောင်ကျပြီး နည်းနည်းအေးတဲ့နေရာမှာ ၄၈ နာရီထားရပါမယ်။

ပြုလုပ်နည်း

၄၈ နာရီပြည့်သွားရင် ဦးရေပြားပေါ်မှာ လိမ်းပေးရမှာပါ။ အထူးသဖြင့် ဆံပင်ပါးနေတဲ့နေရာမှာလိမ်းပေးပါ။ နံှ့အောင်သေချာလိမ်းပြီးရင် shower cap စောင်းပြီး ၂ နာရီလောက်ထားပါ။ ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချလိုက်ပါ။ သိပ်ကိုထိရောက်တဲ့နည်းလမ်းဖြစ်ပါတယ်။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးပါ။

ထပ်ဆင့်အကြံပြုခြင်း

ရေများများသောက်ပါ။ ဓါတုပစ္စည်းမပါတဲ့ ခေါင်းလျှော်ရည်သုံးပါ။ ခေါင်းလျှော်ပြီး ရေစိုနေချိန် ခေါင်းမဖြီးပါနဲ့။