Plank လို့ခေါ်တဲ့ လေ့ကျင့်ခန်းကို ကြားဖူးကြမှာပါ။ ခန္ဓာကိုယ်အချိုးအစားကို ပြေပြစ်စေမယ့်လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းရဲ့ အရေးကြီးဆုံးကတော့ ခန္ဓာကိုယ်အလယ်ပိုင်းကို တစ်ဖြောင့်တည်းထားပေးဖို့ပါပဲ။ အခုမှစလုပ်တဲ့သူတွေက လွယ်လွယ်လေးလို့ ထင်ကြပေမယ့် လက်ကိုထောက်ခြေထောက်ကိုထောက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ပြေးတည်းထားဖို့က မလွယ်ကူပါဘူး။ အမြဲလိုလို ခန္ဓာကိုယ်အလယ်ပိုင်းကို တစ်ဖြောင့်တည်းထားဖို့ မေ့လျော့တတ်ကြပါတယ်။

အခုလို Planks လေ့ကျင့်ခန်းက ဝမ်းဗိုက်ကအဆီတွေကိုလည်း ဖယ်ရှားပေးပြီး အတွင်းနဲ့ အပြင်ကြွက်သားတွေကို ဖြောင့်တန်းစေပါတယ်။ လက်နဲ့ခြေထောက်က ကြွက်သားတွေကိုလည်းလှပစေပါတယ်။

ဒီလိုပဲ ဒိုက်ထိုးတဲ့လေ့ကျင့်ခန်းကလည်း အကျိုးရှိပါတယ်။ အခုတော့ ဒီ Planks လေ့ကျင့်ခန်းကို ၄ ပတ်လောက်လုပ်ပြီး လှပတဲ့ခန္ဓာကိုယ်အချိုးအစားကို ရရှိဖို့ မျှဝေပေးလိုက်ပါတယ်။

၁ ရက်နေ့ စက္ကန့် ၂၀

၂ ရက်နေ့ စက္ကန့် ၂၀

၃ ရက်နေ့ ၃၀ စက္ကန့်

၄ ရက်နေ့ ၃၀ စက္ကန့်

၅ ရက်နေ့ ၄၀ စက္ကန့်

၆ ရက်နေ့ နားမယ်

၇ ရက်နေ့ ၄၅ စက္ကန့်

၈ ရက်နေ့ ၄၅ စက္ကန့်

၉ ရက်နေ့ စက္ကန့် ၆၀

၁၀ ရက်နေ့ စက္ကန့် ၆၀

၁၁ ရက်နေ့ စက္ကန့် ၆၀

၁၂ ရက်နေ့ စက္ကန့် ၉၀

၁၃ ရက်နေ့ နားမယ်

၁၄ ရက်နေ့ စက္ကန့် ၉၀

၁၅ ရက်နေ့ စက္ကန့် ၉၀

၁၆ ရက်နေ့ စက္ကန့် ၁၂၀

၁၇ ရက်နေ့ စက္ကန့် ၁၂၀

၁၈ ရက်နေ့ စက္ကန့် ၁၅၀

၁၉ ရက်နေ့ နားမယ်

၂၀ ရက်နေ့ စက္ကန့် ၁၅၀

၂၁ ရက်နေ့ စက္ကန့် ၁၅၀

၂၂ ရက်နေ့ စက္ကန့် ၁၈၀

၂၃ ရက်နေ့ စက္ကန့် ၁၈၀

၂၄ ရက်နေ့ စက္ကန့် ၂၁၀

၂၅ ရက်နေ့ နားမယ်

၂၆ ရက်နေ့ စက္ကန့် ၂၁၀

၂၇ ရက်နေ့ စက္ကန့် ၂၄၀

၂၈ ရက်နေ့ လုပ်နိုင်သလောက်

ပထမဆုံးနေ့မှာ အရမ်းခက်ခဲတယ်လို့ထင်ရပါလိမ့်မယ်။ ဒါပေမယ့် ကြိုးစားပြီးလုပ်ကြည့်ပါ။