ဆံပင်ကျွတ်တာဟာ ဒီနေ့ လူတွေတော်တော်များများ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ လူတွေဟာ တစ်နေ့ကို ဆံပင် အချောင်း ၅၀ ကနေ ၁၀၀ ထိ ပုံမှန်ကျွတ်လေ့ရှိတယ်ဆိုတာ သံသယဖြစ်စရာတော့ ရှိမယ်မထင်ပါဘူးနော်။ ဆံကေသာကျွတ်ရတဲ့ အကြောင်းရင်းတွေ များစွာရှိပါတယ်။

ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ရောဂါတစ်ချို့ကြောင့်၊ ကိုယ်စားနေတဲ့ အစားအစာကြောင့်၊ ဆေးဝါးတွေကြောင့် (သို့) ကိုယ့်ရဲ့ အလုပ်ကြောင့် စသဖြင့်ပေါ့။

ဆံပင်ကျွတ်တာကို သက်သာစေပြီး ဆံကေသာကို ပြန်လည်သန်စွမ်းစေမယ့် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်ဥ ၁ လုံး
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဆူဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းအားလုံးကိုရောလိုက်ပြီး သေချာမွှေပေးပါ။ သင့်ဆံပင် အထူအပါးပေါ်မူတည်ပြီး ၂ ဆ ၃ ဆ ရောဖျော်ပေးလို့ရပါတယ်။ ပြီးရင် ဦးရေပြားနဲ့ ဆံကေသာပေါ် နှံ့စပ်အောင်လိမ်းပေးပြီး Shower Cap ဆောင်းကာ ၂ နာရီလောက်ထားပါ။ ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပါ။

တစ်ပတ်ကို ၂ ကြိမ်လောက်ပုံမှန်လုပ်ပေးရုံနဲ့ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို အရယူလိုက်ပါနော်။