ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်ကို အမျိုးသမီးတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။

646x404

အများအားဖြင့်တော့ အမျိုးသမီးတွေဟာ ဆံပင်ပါးကြပြီး အရှည်လည်းနှေးကြပါတယ်။ ဆံသားအလှဟာ အမျိုးသမီးတွေကို ယုံကြည်မှုရှိစေတာကြောင့် ဆံနွယ်တွေ ကျန်းမာသန်စွမ်းစေမယ့် နည်းလမ်းကို မျှဝေပေးသွားမှာပါ။ အလှအပကုန်ပစ္စည်းတွေ သုံးစရာမလိုဘဲ သဘာဝနည်းလမ်းနဲ့ ဖြေရှင်းနိုင်ပါတယ်။ ဓါတုပစ္စည်းကင်းစင်ပြီး သဘာဝနည်းလမ်းလေးမို့ ဘေးဥပါဒ်မရှိတာကြောင့် လုပ်ကြည့်ဖို့ အကြံပြုလိုပါတယ်။

ပါဝင်ပစ္စည်းတွေက စာဖတ်သူတို့ မီးဖိုချောင်မှာ အလွယ်တကူရတဲ့ ပစ္စည်းလေးတွေပါ။

olive-oil-and-olives

သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

135847132

ရေနွေးအနည်းငယ် (လိုအပ်မှထည့်ပါ။)

513468935_xs

အုန်းနို့ ၁/၂ ခွက်

ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းတွေအားလုံးကို ခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် ဦးရေပြားပေါ်လိမ်းပေးပြီး ဆံသားအမြစ်နားမှာ ညင်သာစွာ နှိပ်နယ်ပေးပါ။

Shower Cap (သို့) ကျွတ်ကျွတ်အိတ်ကို ခေါင်းပေါင်းပေးပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိထားပေးပါ။

ပြီးရင် ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးသုံးပြီး ခေါင်းလျှော်ပါ။ ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးကိုလည်း သဘာဝပါဝင်ပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတာသုံးပါ။