ဆံပင်ခဏခဏ ကျွတ်နေလို့ ဆံပင်ပါးပါးလေးဖြစ်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးမယ်နော်။ ကြက်သွန်နီဟာ ဆံပင်ကျွတ်တဲ့သူတွေ ဆံပင်ပါးတဲ့သူတွေ အတွက် အကောင်းဆုံး သဘာဝကုထုံးတမျိုးပါပဲ။

ဦးရေပြားအတွင်း သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ဆံပင်ပေါက်တဲ့ Follicles လေးတွေကို အားဖြည့်ပေးလို့ ဆံပင်ကို သန်စွမ်းစေပါတယ်။ ဘက်တီးရီးယားဆန့်ကျင် ပစ္စည်းပါဝင်ပြီး မှိုဖြစ်ပွားခြင်းမှ ကာကွယ်ပေးသလို ဆံပင်ကျွတ်တာကိုလည်း တားဆီးပေးနိုင်ပါတယ်။

ကြက်သွန်နီကို ဆံပင်သန်စွမ်းစေဖို့ ဘယ်လိုသုံးမလဲ

ကြက်သွန်နီအကြီးတစ်လုံးကိုယူလိုက်ပါ။ ပြီးရင် အတုံးသေးသေးလေး ပါးပါးလှီးလှီးလိုက်ပြီး ဖျော်စက် (သို့) ကြိတ်စက်ထဲထည့်ကာ ကြိတ်လိုက်ပါ။ ပြီးရင် အရည်သတ်သတ် အဖတ်သတ်သတ် ညှစ်ထုတ်လိုက်ပါ။ ရလာတဲ့ကြက်သွန်နီအရည်ကို ဝါဂွမ်းစနစ်ပြီး ဆံပင်ပါးနေတဲ့ ဦးရေပြားပေါ်မှာ လိမ်းပေးရမှာပါ။ ခေါင်းတစ်ခုလုံးကို လိမ်းစရာမလိုပါဘူးနော်။ ပြီးရင်တော့ ဦးရေပြားကို မိနစ်အနည်းငယ်လောက် ခပ်ဖြည်းဖြည်းလေး နှိပ်ပေးရပါမယ်။

အဲဒီနောက် တစ်နာရီလောက်ထားပြီး ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။ တစ်လလောက်ဆိုရင် သိသိသာသာ ဆံပင်သန်စွမ်းလာတာတွေ့ရမှာပါ။

နောက်တစ်နည်းကတော့

ကြက်သွန်နီ ၃ လုံး ၄ လုံးလောက်ကိုအတုံးသေးသေးလေးလှီးပြီး ကြိတ်စက်ထဲထည့်ကာ ကြိတ်လိုက်ပါ။ ပြီးရင်တော့ အရည်ညှစ်ထုတ်ပြီး ခွက်တစ်လုံးထဲထည့်ထားပါ။ ပြီးရင် သံလွင်ဆီ (သို့) အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်လိုက်ပါ။ ပြီးရင် ဆံပင်အမြစ်လေးတွေကို သေချာလိမ်းပေးပါ။ ဦးရေပြားကိုထိအောင်လိမ်းပေးနိုင်ပါတယ်။ ပြီးရင် ခဏလောက် ညင်သာစွာနှိပ်ပေးပြီး မိနစ် ၃၀ ကနေ ၄၀ ထိထားပါ။ ပြီးရင် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်ပုံမှန်လုပ်ပေးမယ်ဆိုရင် ၁ လအတွင်း ဆံကေသာ သန်စွမ်းလာတာကို တွေ့ရမှာဖြစ်ပါတယ်။