ရှားစောင်းလက်ပက်ဟာ အသားအရေအတွက်သာမကပဲ ဆံကေသာအတွက်လည်း အကျိုးကျေးဇူးများစွာရှိတယ်ဆိုတာ သိပြီးပြီလား။

ရှားစောင်းလက်ပက်ဟာ ဆံပင်ကျွတ်တာသက်သာစေပြီး ဆံပင်ကိုအရှည်မြန်စေသလို ပျော့ပြောင်းစေပါတယ်။ ဆံကေသာနဲ့ပတ်သတ်တဲ့ အကောင်းဆုံးကုန်ပစ္စည်းလည်းဖြစ်ပါတယ်။

ရှားစောင်းလက်ပက်မှာ ပါဝင်တဲ့ ဗီတာမင် E က ဗောက်တွေကိုသက်သာစေသလို ဦးရေပြားကို သန့်ရှင်းပေးနိုင်ပြီး ဆံပင်ပေါက်တဲ့ Follicles လေးတွေကို သန်စွမ်းစေပါတယ်။ ဦးရေပြားကို ကျန်းမာစေလို့ ဆံပင်ကျွတ်တာ ဆံဖြားနှစ်ခွဖြစ်တာတွေကိုလည်း သက်သာစေမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပက်အနှစ်ကိုအသုံးပြုပြီး ဆံပင်ပေါင်းနည်း ၂ သွယ်ကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

ရှားစောင်းလက်ပက် အနှစ် (gel) စားပွဲတင်ဇွန်း ၂ ဇွန်း

ကြက်ဆူဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ဗီတာမင် E တောင့် ၃ တောင့်

သဘာ၀ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြင်ဆင်နည်း

ခွက်တစ်လုံးထဲမှာ ရှားစောင်းလက်ပက်နဲ့ ကြက်ဆူဆီကိုရောလိုက်ပါ။ ပြီးရင် ဗီတာမင် E အဆီထည့်ပြီးရောပါ။ ပြီးရင် ပြားရည်ထည့်ပါ။ သေချာမွှေပေးပြီးရင် အသုံးပြုလို့ရပါပြီ။

အသုံးပြုနည်း

ဆံပင်နဲ့ ဦးရေပြားပေါ်ကို သေချာလိမ်းပေးပြီး Shower Cap စောင်းပါ။ ၂ နာရီလောက်ထားပြီး နို့ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။ ပေါင်းဆေးသုံးပါ။ တစ်ပတ်ကို ၁ ကြိမ်အနည်းဆုံးလုပ်ပေးပြီး ၁ လလုပ်ပါ။ ဆံပင်ကျွတ်တာသက်သာပြီး ဆံပင်အရှည်မြန်တာကို လက်တွေ့ခံစားရမှာဖြစ်ပါတယ်။