ဆံပင်အရှည်နှေးနေလို့စိတ်ညစ်နေလား။ ဒါဆိုရင်တော့ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းနည်းလမ်းလေးတွေကို မျှဝေပေးလိုက်ချင်ပါတယ်။

အိမ်မှာ ရှားစောင်းလက်ပက်ပင်စိုက်ထားလားရှင့်။ မစိုက်ထားရင်လည်း ဈေးကွက်ထဲမှာ ရောင်းနေတဲ့ ရှားစောင်းလက်ပက်တွေရှိပါတယ်နော်။ ကိုယ့်အိမ်မှာ ကိုယ်စိုက်ထားရင်တော့ ပိုအဆင်ပြေတာပေါ့ရှင်။

ရှားစောင်းလက်ပက်ဟာ ဆံပင်ကို ကျန်းမာသန်စွမ်းစေတဲ့ အဟာရဓါတ်တွေ ပြည့်ဝစွာပါဝင်ပါတယ်။ သူ့မှာ အမိုင်နိုအက်ဆစ်ပါဝင်ပြီး ဦးရေပြားကို ကျန်းမာစေသလို ဆံပင်ကို အမြစ်ကနေ သန်စွမ်းစေပါတယ်။

အသုံးပြုနည်း

ပါဝင်ပစ္စည်း

  • ရှားစောင်းလက်ပက် အနှစ် ၁ ခွက်
  • ကြက်ဆူဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲနံသာမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း (ရှာရခက်ရင် မထည့်လည်းရပါတယ်နော်)

ပြုလုပ်နည်း

ခွက်တစ်လုံးထဲမှာ ပါဝင်ပစ္စည်းတွေကို ရောပြီး ထားပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံကေသာပေါ်လိမ်းပေးပါ။ အဓိကအားဖြင့်တော့ အမြစ်လေးတွေကနေ ဆံဖြားထိ လိမ်းပေးရပါမယ်။

ဦးရေပြားတစ်ခုလုံးကိုဖုံးသွားရင်တော့ Shower Cap စောင်းပေးထားပါ။

ညအိပ်ယာမဝင်ခင်ဘဲဖြစ်ဖြစ် လုပ်ပေးလို့ရသလို နေ့လည်ဖက်လုပ်မယ်ဆိုရင် ၂ နာရီလောက်ထားပေးပါနော်။ ပြီးရင်တော့ တဘက်လေးကို အပေါ်ကနေ ထပ်ပေါင်းပေးထားပါ။ ပြီးရင် ရေအေးအေး ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ချပေးပါ။ နောက်ဆုံး ပေါင်းဆေးထည့်ပေးပါ။

တစ်ပတ်ကို ၁ ကြိမ် ကနေ ၂ ကြိမ်ထိ ပြုလုပ်ပေးနိုင်ပါတယ်။

နည်းလမ်း ၂

  • ရှားစောင်းလက်ပက် စားပွဲတင်ဇွန်း ၅ ဇွန်း
  • အုန်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပါဝင်ပစ္စည်းအားလုံးကိုရောလိုက်ပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံပင်အမြစ်တွေကနေ အဖျားထိ နှံ့အောင်လိမ်းပေးပါ။ ပြီးရင်တော့ shower Cap စောင်းပေးပြီး ၂၅ မိနစ် နာရီဝက်လောက်ထားပါ။ ရေအေးအေး ခေါင်းလျှော်ရည်နဲ့ လျှော်ချပေးပြီး ပေါင်းဆေးသုံးပေးပါနော်။ တစ်ပတ်ကို တစ်ကြိမ် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။