ဘီယာဆိုတာ ဆံပင်ကျွတ်တာကို အမြန်ဆုံး ရပ်တန့်စေပါတယ်။ အရွယ်ရောက်ပြီးသား ပျမ်းမျှ လူဦးရေ ၁ သိန်းကနေ ၁ သိန်းခွဲကြားဟာ ဆံပင်ကျွတ်တဲ့ပြဿနာကို ရင်ဆိုင်နေရပါတယ်။ ဒါ့ကြောင့် ဆံပင်ကျွတ်တာကို အမြန်ဆုံး ကုစားပြီး ဆံပင်အရှည်မြန်စေဖို့ နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

ဘီယာ ခွက် ၁ ဝက်

ငှက်ပျောသီးမှည့် တစ်ခြမ်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်ဥအနှစ် ၁ လုံး

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုရောပြီး သေချာမွှေပေးပါ။ ထူထူပျစ်ပျစ်လေး ဖြစ်လာတဲ့ထိ မွှေပေးရပါမယ်။

ပြီးရင် ဦးရေပြားနဲ့ ဆံပင်တွေပေါ်မှာ လိမ်းပေးပါ။ ၂ နာရီလောက် ထားပါ။ ပူလာပြီလို့ ခံစားရရင် ကောင်းပါတယ်။ ဆံပင်ပေါင်တဲ့ Follicle လေးတွေကို လှုံ့ဆော်ပေးနေတာပါ။ ပြီးရင် ခေါင်းလျှော်ချနိုင်ပါတယ်။

တစ်ပတ်ကို အနည်းဆုံး ၁ ကြိမ်လောက်လုပ်ပါ။ ၁ လလောက်ဆို သိသာလာပါလိမ့်မယ်။