မင်္ဂလာပါနော်။ ချိုင်းမွေးခဏခဏ နှုတ်ရတာ အဆင်မပြေတဲ့အပြင် အရမ်းလည်းနာတယ်။

ချိုင်းမွေးခဏခဏ နုတ်ရတာအဆင်မပြေလို့ ဘယ်လိုဖြေရှင်းရမလဲ

ပြီးတော့ ချိုင်းကြားအသားအရေလည်း ပျက်စီးလို့ စိတ်ညစ်နေသူတွေအတွက် နည်းလမ်းကောင်းကို မျှဝေပေးမယ်နော်။ MyHealth Myanmar ရဲ့ Chat Box ကနေလည်း မေးမြန်ထားကြတဲ့ သူတွေရှိနေလို့ပါ။

၁။ ၂ မိနစ်အတွက် ချိုင်းမွေးကို ဖယ်ရှားမယ်။

ပါဝင်ပစ္စည်း

သကြား ၂ ခွက်

သံပုယိုရည် ခွက် ၁/၄ ပုံ

ရေခွက် ၁/၄ ပုံ

ပျားရည် ခွက် ၁/၄ ပုံ

ပြင်ဆင်ခြင်းနဲ့ အသုံးပြုခြင်း

အိုးအသေးတစ်လုံးထဲကို ရေထည့်လိုက်ပြီး ဆူအောင်သည်လိုက်ပါ။ ပြီးရင် တခြားပါဝင်ပစ္စည်းတွေထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် အပူချိန်ကို လျှော့လိုက်ပြီး နာရီဝက်လောက် ထပ်ပြီးသည်ထားလိုက်ပါ။ ပွက်ပွက်ဆူနေတဲ့ ပါဝင်ပစ္စည်းတွေက ညိုလာပြီး ပျစ်ပျစ်လေးဖြစ်လာပြီဆိုရင် မီးဖိုပေါ်ကချပြီး အအေးခံပါ။

ပြီးရင် ချိုင်းကြားအသားအရေကို ရေသေချာဆေးပြီး ခြောက်အောင်သုတ်လိုက်ပါ။ ပြီးရင် Baby Powder လိမ်ပေးလိုက်ပါ။ အဲဒီနောက် စောစောက ကျိုထားတဲ့ အရည်ကို ချိုင်းအောက်မှာ လိမ်းပေးလိုက်ပြီး ခြောက်အောင်ထားပါ။ ခြောက်သွားပြီဆိုရင် ခွာချလိုက်ပါ။ခပ်မြန်မြန်လေးခွာချလိုက်ပါနော်။ မဟုတ်ရင် ချိုင်းမွှေးမကျွတ်ဘဲ ဖြစ်နေမှာစိုးလို့ပါ။

ပြီးရင်ရေသေချာပြန်ဆေးပြီး ခြောက်အောင်သုတ်လိုက်ပါ။ အဲဒီနောက် ခရင်မ်တမျိုးမျိုးလိမ်းပေးထားလိုက်ပါ။

ဒီနည်းလမ်းနဲ့ တခြားခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေကိုလည်း ဖယ်ရှားပေးလို့ရပါတယ်။

၂။  ကြက်ဥနဲ့ ကော်မှုန့်

ကြက်ဥနဲ့ ကော်မှုန့်ကိုလည်း အသုံးပြုနိုင်ပါတယ်။ ကြက်ဥအကာ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ကော်မှုန့် စားပွဲတင်ဇွန်း တစ်ဝက်ရောပြီးထည့်လိုက်ပါ။ ပြီးရင် ချိုင်းသားကို သေချာရေဆေးခြောက်အောင်သုတ်ပြီး လိမ်းပေးလိုက်ပါ။ ပြီးရင် ခြောက်အောင်ထားပြီး ရေနွေးနဲ့ ဆေးချပါ။ ချက်ချင်းမသိသာပေမယ့် ဖြည်းဖြည်းချင်း သိသာလာမှာပါ။