ဆံကေသာ အလှပဆိုတာ မိန်းကလေးတို့အတွက်တော့ သိပ်ကို အရေးပါလှပါတယ်။ ပျိုမေတို့အတွက် ဆံကေသာ ကျန်းမာသန်စွမ်းစေဖို့ နည်းလမ်းကို မျှဝေပေးချင်ပါတယ်။

အဓိကအားဖြင့်တော့ အစားအစာ၊ ကိုယ့်ရဲ့ နေထိုင်ပြုမူမှုတွေကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ပြီးတော့ အခုအောက်မှာဖော်ပြမယ့် နည်းလမ်းတွေကို လိုက်လုပ်ကြည့်ရအောင်။

၁။ ပန်းသီးရှာလကာရည် သုံးပါ

ရှာလကာရည်နဲ့ ခေါင်းလျှော်ပေးနိုင်ပါတယ်။ ရှလကာရည်ကို ဦးရေပြားနဲ့ ဆံပင်တစ်ခုလုံးစိုအောင်လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပါ။ ပြီးရင်ခေါင်းလျှော်ချပါ။

၂။ ဦးရေပြားကို နှိပ်နယ်ပေးပါ

ခေါင်းမလျှော်ခင် ၅ မိနစ်လောက် ဦးရေပြားကို ညင်သာစွာနှိပ်နယ်ပေးပါ။ အဲဒီလိုနှိပ်နယ်ပေးတာဟာ ဦးရေပြားအတွင်း သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။

၃။ အိပ်ယာမဝင်ခင် ခေါင်းဖြီးလိုက်ပါ

အိပ်ယာမဝင်ခင် ခေါင်းကို သေချာဖြီးပေးပါ။ အဲဒီလိုဖြီးပေးတာဟာ ဦးရေပြားအတွက်လည်းကောင်းမွန်ပြီး သင့်ဆံကေသာကို သန်စွမ်းစေနိုင်မှာဖြစ်ပါတယ်။

၄။ ဆံပင်အဖျားလေးတွေကို တိပေးပါ

ဆံပင်အဖျားလေးတွေကို ၂ လတစ်ခါ ၃ လတစ်ခါလောက် ပုံမှန်တိပေးပါ။ အဲဒီလိုဆံပင်အဖျားတိပေးတာဟာ သင့်ဆံကေသာအတွက်ကောင်းမွန်ပါတယ်။ ဆံပင်ကျိုကြေပျက်စီးခြင်းကို လျော့ပါးသက်သာစေပါတယ်။

၅။ စိတ်ဖိစီးမှုကိုလျှော့ချပါ

စိတ်ဖိစီးမှုကိုလျှော့ချပေးတာဟာ ဆံကေသာအတွက်ကောင်းမွန်ပါတယ်။ စိတ်ဖိစီးမှုများရင် ဆံပင်ကျွတ်တာမျိုးဖြစ်စေတာမို့ စိတ်ဖိစီးမှုကိုလျှော့ချပေးပါ။ စိတ်ဖိစီးမှုလျှော့ချဖို့ ယောဂလေ့ကျင့်ခန်းလုပ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာမျိုးလုပ်ပေးနိုင်ပါတယ်။

၆။ အာဟာရဓာတ်ညီညွှတ်မျှတအောင်စားပါ

ဆံကေသာပိုမိုသန်စွမ်းစေဖို့အတွက် အာဟာရဓာတ်ညီညွှတ်မျှတအောင်စားပေးဖို့လိုအပ်ပါတယ်။

၇။ ခေါင်းလျှော်တဲ့အချိန်တိုင်း ပေါင်းဆေးသုံးပေးပါ

ခေါင်းလျှော်ပြီးတဲ့အချိန်တိုင်း ပေါင်းဆေးသုံးပေးပါ။ ပေါင်းဆေးသုံးတဲ့နေရာမှာလည်း ဦးရေပြားကို မထိအောင်ဆံပင်အဖျားလေးတွေနားကိုပဲ သုံးပေးပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီး ရေသေချာစင်အောင် ဆေးချပါ။