ပုလဲရောင်လို ဖြူဖွေးတဲ့သွားပိုင်ရှင်လေး လူတိုင်းဖြစ်ချင်ကြပါတယ်။ သွားဝါနေတဲ့အခါ ပြုံးပြရယ်ပြဖို့ တကယ်ပဲ အခက်တွေ့လှပါတယ်။ သွားဝါတာကို ပျောက်ကင်းစေဖို့ ဈေးကြီးတဲ့ သွားတိုက်ဆေးတွေဝယ်တိုက်ပေမယ့်လည်း ထင်သလောက် အကျိုးထူးမလားဘူးလား။ သဘာဝနည်းလမ်းနဲ့ စမ်းသပ်ချင်ကြတယ်ဆိုတဲ့ သူတွေအတွက် နည်းလမ်းကောင်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းကတော့

Aluminium ရွက်အသေးတစ်ခု

သွားတိုက်ဆေး

ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဘယ်လိုအသုံးပြုမလဲ

ဆားနဲ့ မုန့်ဖုတ်ဆိုဒါဟာ သွားတွေကို သဘာဝအတိုင်းဖြူဖွေးစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ မုန့်ဖုန်ဆိုဒါရယ် သွားတိုက်ဆေးရယ် ဆားရယ်ရောလိုက်ပါ။ ပြီးရင်သွားမှာကပ်လိုက်ပြီးတော့ Aluminium အပြားလေး ကပ်ပေးပါ။ ၁ နာရီလောက်ထားပါ။

ပြီးရင် Aluminium ကို ဖယ်လိုက်ပြီး ပလုတ်ကျင်းလိုက်ပါ။ သွားတွေ ထူးထူးခြားခြား ဖြူဝင်းလာတာကို တွေ့ရပါလိမ့်မယ်။ တစ်ပတ်ကို ၂ ကြိမ်နဲ့ ၂ ပတ်ဆက်တိုက်လုပ်ပေးပါ။ ပိုပြီး ရလဒ်ကောင်းတွေရကြမှာဖြစ်ပါတယ်။

သွားကိုလည်း ပုံမှန်တိုက်ပေးပါ။