ဆံကေသာနဲ့ပတ်သတ်လို့ တစ်ချို့က ဆံသာအဆီပြန်တာ၊ တစ်ချို့ကခြောက်သွေ့တာ၊ တချို့က ဗောက်ထတာ၊ တစ်ချို့က ဆံဖျားနှစ်ခွဖြစ်တာ စသဖြင့် တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။ ဆံကေသာကို ပိုပြီး လှပစေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ကြက်ဥ ပျားရည်

ခြောက်သွေ့နေတဲ့ ဆံကေအတွက် ဒီနည်းလမ်းလေးက အဆင်ပြေပါတယ်။ ဆံပင်ကို ပိုပြီး သန်စွမ်းစေမှာဖြစ်သလို ဆံခြားခြောက်သွေ့တာကို သက်သာစေပါတယ်။ ကြက်ဥအနှစ်ကို ယူပြီး ခလောက်လိုက်ပါ။ ပြီးရင် ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းလောက်ရောလိုက်ပါ။ အဲဒီနောက် သေချာမွှေပေးပြီး ဦးရေပြားနဲ့ ဆံပင်အရင်းကနေ အဖျားထိ လိမ်းပေးပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ လျှောချပါ။

၂။ ကြက်ဥ သံပုရာ ခေါင်းလျှော်ရည်

ဗောက်ထနေတဲ့ ဆံကေသာအတွက် ဒီနည်းလမ်းလေးကအဆင်ပြေပါတယ်။ ကြက်ဥ ၁ လုံး နဲ့ သံပုရာသီး ၁ လုံးကို ရောလိုက်ပြီး သေချာမွှေလိုက်ပါ။ Vodka အရက်ကို နည်းနည်းထည့်ပါ။ (အဆင်မပြေရင် မထည့်လည်းရပါတယ်။) ပြီးရင်တော့ ဦးရေပြားနဲ့ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချလိုက်ပါ။

၃။ မုန့်ဖုတ်ဆိုဒါနဲ့ ထောပတ်သီး

ဆံပင်အဖျားနှစ်ခံဖြစ်တာကို သက်သာစေမယ့် နည်းလမ်းလေးပါ။ မုန့်ဖုတ်ဆိုဒါမှာ သဘာဝအတိုင်း အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး ဆံကေသာကို ချောမွတ်စေပါတယ်။ ထောပတ်သီးမှည့်ကလည်း သဘာဝအတိုင်း ဆံကေသာကို ပြန်လည်စိုပြေစေမှာဖြစ်သလို ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ ဆံကေသာကို ပိုပြီး သန်စွမ်းတောက်ပြောင်စေဖို့ အကူအညီပေးမှာပါ။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်း ထောပတ်သီးမှည့် ၁ လုံးနဲ့ ရေနွေးနည်းနည်းရောလိုက်ပြီး ဦးရေပြားနဲ့ ဆံကေသာပေါ် လိမ်းပေးပါ။ ပြီးရင် နာရီဝက် မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။

၄။ အုန်းဆီ နဲ့ ရှားစောင်းလက်ပက်

ဆံပင်ကျွတ်တာသက်သာပြီး ဆံကေသာကို သန်စွမ်းလာစေမှာဖြစ်ပါတယ်။ အုန်းဆီ နဲ့ ရှားစောင်းလက်ပက်ကို ရောပြီး ဦးရေပြားနဲ့ ဆံကေသာပေါ်မှာ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။