သွားလေးတွေ ဖြူဝင်းသန့်ရှင်းစေဖို့ သဘာဝနည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ငှက်ပျောသီးခွံ

ငှက်ပျောသီးစားပြီးရင် အခွံကို မလွှင့်ပစ်ပါနဲ့။ အခွံရဲ့ အတွင်းဘက်က ပျော့ဖက်လေးတွေနဲ့ သွားကို ၅ မိနစ် ၁၀ မိနစ်ခန့် ပွတ်တိုက်ပေးပါ။ အဲဒီအခွံမှာ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်ဓါတ်တွေပါဝင်ပြီး သွားလေးတွေကို သန်စွမ်းစေပါတယ်။ ပြီးရင်တော့ သွားတိုက်ဆေးသွားတိုက်တံလေးနဲ့ သွားကို ၂ မိနစ်လောက် ပြန်တိုက်ပေးပါ။ ငှက်ပျောသီးစားတိုင်း လုပ်ပေးလို့ရတယ်နော်။

၂။ မုန့်ဖုတ်ဆိုဒါ (Baking Soda)

မုန့်ဖုတ်ဆိုဒါဟာ သွားဝါတာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ရေနည်းနည်းနဲ့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းလောက်ရောပြီး သေချာမွှေလိုက်ပါ။ ပြီးရင် သွားတိုက်တံပေါ် တင်ပေးပြီး သွားတိုက်ပေးပါ။

၃။ သံပုယိုသီး

သံပုယိုသီးဟာ သွားဝါတာကို သက်သာပျောက်ကင်းစေပါတယ်။ သံပုယိုသီးကို အရည်ညှစ်လိုက်ပြီး ကျန်တဲ့အခွံနဲ့ သွားကို ၅ မိနစ် ၇ မနစ်လောက် ပွတ်တိုက်ပေးပါ။ ပိုးမွှားတွေကို သေစေပြီး သွားလေးတွေကို ဖြူဝင်းစေပါတယ်။

၆။ တမာရိုး

တမာရိုးကို ဝါးပေးတာကလည်း သွားတွေကို ဖြူဝင်းစေပြီး သွားဆိုင်ရာ ပြဿနာတွေကို တိုက်ထုတ်ရှင်းလင်းပေးနိုင်ပါတယ်။ ပိုးမွှားတွေကိုသန့်စင်ပေးပြီး သွားကိုလည်းသန့်ရှင်းစင်ကြယ်စေပါတယ်။