သွားပိုးစားခြင်းနဲ့ သွားအခေါင်းပေါက်ဖြစ်တာဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ ခံတွင်းကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုပါပဲ။ အထူးသဖြင့် ကလေး၊ လူငယ်နဲ့ အသက်ကြီးတဲ့လူကြီးတွေမှာ ဖြစ်တတ်ပြီး လူတိုင်းလိုလို သွားအခေါင်းပေါက်ဖြစ်နိုင်ပါတယ်။

အဲဒီလို သွားပိုးစားတာ၊ သွားအခေါင်းပေါက်ဖြစ်လာပြီဆိုရင် သွားကို သေချာဂရုစိုက်ဖို့လိုပါတယ်။ တစ်နေ့ကို မနက်တစ်ကြိမ် ည တစ်ကြိမ် ၂ မိနစ်လောက်အချိန်ယူပြီး သွားတိုက်ပေးသင့်ပါတယ်။

သွားပိုးစားတာ သွားအခေါင်းပေါက်ဖြစ်တာတွေက နောက်ပိုင်း သွားကိုက်တာ၊ သွားကျိုးတာနဲ့ သွားနဲ့ဆိုင်ရာတခြား ဝေဒနာတွေဖြစ်ပေါ်စေပါတယ်။

သင့်ခံတွင်းကို ကျန်းမာစေမယ့် နည်းလမ်းကို မျှဝေပေးပါမယ်။

၁။ လေးညှင်းပွင့်

လေးညှင့်ပွင့်ဆီ ၂ စက် ၃ စက် နဲ့ နှမ်းဆီ စားပွဲတင်ဇွန်း ၁/၄ ပုံထည့်လိုက်ပါ။ ပြီးရင် ဝါဂွမ်းလေးနဲ့ တို့ပြီး သွားနားမှာ ကပ်ပေးထားပါ။ ညအိပ်ယာမဝင်ခင်တိုင်းလုပ်ပေးပါ။ လေးညှင်းဆီကို မခဏခဏမသုံးဖို့လိုပါတယ်။

၂။ ဆား

ဆားကိုလည်း သွားပိုးစားခြင်း သွားအခေါင်းပေါက်ဖြစ်ခြင်းကနေ ဖြစ်ပေါ်လာမယ့် သွားကိုက်ခြင်းနဲ့ တခြား ကူးစက်ရောဂါတွေကို ကာကွယ်ဖို့သုံးနိုင်ပါတယ်။

ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေနွေးတစ်ခွက်နဲ့ရောလိုက်ပါ။ ပြီးရင် ငုံပြီး ၁ မိနစ်လောက် ပလုတ်ကျင်းလိုက်ပါ။ တစ်နေ့ ၃ ကြိမ်လုပ်နိုင်ပါတယ်။

၃။ နှမ်းဆီ

သွားပိုးစားခြင်း၊ သွားခေါင်ပေါက်ဖြစ်ခြင်းကို သက်သာစေဖို့သာမက သွားဖုံးသွေးယိုခြင်းနဲ့ ခံတွင်းနံ့ဆိုးတာကိုပါသက်သာစေဖို့အတွက် နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ကို ပါးစပ်ထဲထည့်ပြီး ငုံထားပါ။ ပြီးရင် မိနစ် ၂၀ လောက်ဖြည်းဖြည်းချင် ပလုတ်ကျင်းနေပါ။ ဆီကိုမမြိုချဘဲ ထွေးထုတ်လိုက်ပါ။ ပြီးရင် ရေနွေးလေးနဲ့ ဆေးချပါ။ ဆားရည်နဲ့လည်း ဆေးချလို့ရပါတယ်။ ပြီးရင် သွားတိုက်လိုက်ပါ။ မနက်တိုင်း လုပ်နိုင်ပါတယ်။

အုန်းဆီနဲ့ နေကြာဆီကိုလည်းသုံးလို့ရပါတယ်နော်။

၄။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူ ၃ မွှာ ၄ မွှာကိုကြိတ်ပြီး ဆား လက်ဖက်ရည်ဇွန်း ၁ / ၄ ပုံနဲ့ရောလိုက်ပါ။ ပြီးရင် သွားပိုးစားတဲ့နေရာမှာ လိမ်းပေးထားပြီး ၁၀ မိနစ်လာက်ထားကာ ပလုတ်ကျင်းချလိုက်ပါ။ သွားအခေါင်းပေါက်ဖြစ်တာကို လျှော့ချနိုငဖို့အတွက် တစ်နေ့ ၂ ကြိမ်လုပ်ပါ။

သွားကိုက်ရင်တော့ ကြက်သွန်ဖြူကိုပဲသုံးပြီး သွားနားမှာ ပွတ်ပေး ကိုက်ပေး လို့ရပါတယ်။