လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ များစွာအကျိုးကျေးဇူးရှိစေပါတယ်။ နှလုံးရောဂါ နှလုံးသွေးကြောရောဂါ ဆီးချို နဲ့ အဝလွန်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ပြေပျောက်စေပြီး အိပ်မပျော်တာ စိတ်ကျတာ တွေကို သက်သာစေပါတယ်။ အိမ်မှာပဲ အလွယ်တကူပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေကိုလုပ်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို အရယူလိုက်ပါ။

၁။ ဒိုက်ထိုးလေ့ကျင့်ခန်းကိုပြုလုပ်ရမှာဖြစ်ပါတယ်။ အိမ်မှာပဲ လုပ်လို့ရတဲ့အပြင် နေရာကျယ်ကျယ်ဝန်းဝန်းလည်းမလိုတာမို့ စာဖတ်သူတို့အတွက် အဆင်ပြေမှာပါနော်။

၂။ စူပါမန်းလိုမျိုး လုပ်ရမှာဖြစ်ပါတယ်။ ကိုယ်ကို မှောက်လျက်အိပ်ပြီး လက်နှစ်ဖက်ကို တန်းတန်းဆန့်ထားရမှာပါ။ ပြီးရင် ခြေထောက်နှစ်ဖက်နဲ့ လက်နှစ်ဖက်ကို မြောက်ပြီး ၂ စက္ကန့်လောက်နေပေးပါ။

၃။ ဒီလေ့ကျင့်ခန်းက သင့်ရဲ့ ခန္တာကိုယ်အတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းပါ။ သွေးတွေကို ဦးနှောက်ဖက်ပို့လွတ်ပေးနိုင်ပါတယ်။ ခန္တာကိုယ်ကို အောက်ဖက်ကိုင်းချလိုက်ပြီး အခုပုံမှာပြသလို နေပေးပါ။ ပြီးရင် ညာဖက်ဒူးကို ရင်ဘတ်နားထိ ထိပေးပါ။ ပြီးရင် အနောက်ဖက်ပြန်ထားပါ။ ဘယ်ဖက်ကိုလည်း လုပ်ပေးပါ။

၄။ ခန္ဓာကိုယ်ကို ဘေးစောင်းပြီး အခုပုံမှာပြသလို ခါးကိုလည်း အောက်ဖက်မှာထားထားပါ။ ပြီးရင် တင်နဲ့ ခါးကို အပေါ်ပြန်တင်ပေးပါ။ အဲဒီအတိုင်း စက္ကန့် ၃၀ နေပါ။ တစ်ဖက်ပြီးရင် နောက်တစ်ဖက်ပြန်ပြောင်းပြီး လုပ်ပေးပါ။