ဗောက်သန်းတွေဟာ အများအားဖြင့်တော့ စာသင်နေတဲ့ ကလေးတွေမှာ ရှိတတ်ကြပါတယ်။ သူငယ်ချင်းအချင်းချင်း အတူတူနေတာ၊ အိပ်တာ၊ ဆော့တာ၊ ခေါင်းချင်းပူးတာကနေ ကူးလာတတ်ကြတာပါ။

ယခင်ကတော့ ဗောက်သန်းပြဿနာတော်တော်များများရှိပေမယ့် ဒီကနေ့ခေတ်မှာတော့သိပ်မရှိတော့ဘူးလို့ မြင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ဗောက်သန်းပြသနာကို ဖြေရှင်းပေးနိုင်မယ့် သဘာဝနည်းလမ်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

ခံတွင်းဆေးရည် (Mouthwash)

ရှလကာရည်

ခေါင်းဘီအစိပ်

ပြုလုပ်နည်း

အရင်ဆုံး ခေါင်းကို ခံတွင်းဆေးရည် နဲ့ ဦးရေပြားနဲ့ ဆံပင်တစ်ခုလုံး နှံ့သွားအောင်လုပ်ပေးပါ။ ပြီးရင် Shower Cap ဆောင်းပြီး ၁ နာရီလောက်ထားပါ။ အဲဒီနောက် Shower Cap ကိုဖယ်လိုက်ပါ။

ပြီးရင် ရှလကာရည်နဲ့ ဆံပင်ကို ထပ်ပြီးနှံ့အောင်လုပ်ပေးပြီး Shower Cap ဆောင်းပေးထားပါ။ နောက်ထပ် နာရီဝက် ၁ နာရီလောက်ထားပါ။

ပြီးရင် ခေါင်းကိုရေလောင်းခေါင်းလျှော်ရည်နဲ့ပွတ်လိမ်းပေးပြီး ခေါင်းဘီအစိပ်နဲ့ ခေါင်းကို သေချာဖြီးချပေးလိုက်ပါ။ ဆံပင်မှာကပ်နေတဲ့ သန်းဥလေးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။