အုန်းဆီကိုတော့ ဆံကေသာအတွက်အသုံးပြုတယ်ဆိုတာ လူတိုင်းလိုလိုသိပြီးကြမှာပါ။ ဆိုတော့ ဘယ်လိုအသုံးပြုရမလဲ ဘာအတွက် အသုံးဝင်သလဲဆိုတာကို မျှဝေပေးသွားပါမယ်။

ဆံပင်ပါးခြင်း

အုန်းဆီက ဆံပင်ထူပြီး အရှည်မြန်စေတဲ့ သဘာဝဆေးတစ်လက်ပါပဲ။ အုန်းဆီမှာ Fatty Acid တွေ၊ ဗီတာမင်တွေ ပါဝင်လို့ ဦးရေပြားကို အဟာရဖြစ်စေပါတယ်။

ခွက်တစ်လုံးထဲမှာ အုန်းဆီအနည်းငယ်ထည့်ပြီး အပူရှိန်အနည်းငယ်နဲ့ တည်းပေးပါ။ ပြီးရင် ဆံပင်ကို မရှုပ်အောင်ဖီးပေးပါ။

အုန်းဆီကို ဦးရေးပြားပေါ်လိမ်းပေးပြီး လက်နဲ့နှိပ်နယ်ပေးပါ။ ပြီးရင် သဘက်နဲ့ ပေါင်းပေးထားပြီး တစ်ညလောက်ထားထားပါ။

အခုလို အုန်းဆီကိုလိမ်းပေးပြီး ဦးခေါင်းကိုနှိပ်နှယ်ပေးတာဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ဆံပင်ကို ရှည်လာစေပါတယ်။

ဒါ့ကြောင့် ၁၀ မိနစ်လောက် ငြင်သာစွာ နှပ်နှယ်ပေးပါ။ အဲဒီအတွက် အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းပဲသုံးပါ။ အုန်းဆီအရမ်းများနေဖို့မလိုပါဘူး။

နောက်တစ်နေ့မိုးလင်းရင် ခေါင်းလျှော်ချပေးပါ။

ဆံကေသာပျက်ဆီးခြင်း

cocout-oil

အုန်းဆီမှာ Lauric Acid ကြွယ်ဝစွာပါဝင်လို့ ဆံကေသာကို ကျန်းမာသန်စွမ်းစေပါတယ်။ ဒါ့ကြောင့် ဆံပင်အဖျားနှစ်ခွဖြစ်တာ ဆံသားပျက်ဆီးတာတွေကို ကာကွယ်ပေးပါတယ်။ အုန်းဆီလက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ဆံကေသာအဖျားမှာလိမ်းပေးပြီး မိနစ် ၃၀ လောက်ထားကာ ခေါင်းလျှော်ချပါ။

ခေါင်းလျှော်ပြီးရင် ပေါင်းဆေးသုံးပေးနိုင်ပါတယ်။

ဆံသား ခြောက်သွေ့ခြင်း

Make-an-Olive-Oil-Hair-Mask-Step-24

ဆံသားခြောက်တတ်တဲ့သူတွေအတွက် အုန်းဆီကအကောင်းဆုံးပါပဲ။ အုန်းဆီကို မကြာခဏလိမ်းပေးတာဟာ ဆံသားခြောက်သွေ့တာကို သက်သာပျောက်ကင်းစေပါတယ်။

Credit: healthyfoodproteam.com

Photo Credit: homeremediesforlife.com