အွန်လိုင်းပေါ်မှာ ကိုယ်အလေးချိန်ကျစေတဲ့ နည်းလမ်းတွေအများအပြား စာဖတ်သူတို့ ဖတ်ဖူးကြမှာပါ။ ဒါပေမဲ့ ကိုယ်နဲ့သင့်တော်တဲ့ နည်းလမ်းကို ရှာတွေ့ချင်မှတွေ့ပါလိမ့်မယ်။

MyHealth Myanmar ကစာဖတ်သူတွေအတွက်တော့ အဆီတွေကို ချေဖျက်ပေးရုံသာမက အမြင်အာရုံ၊ မှတ်ဉာဏ်၊ ဦးနှောက်နဲ့ အကြားအာရုံတွေကိုပါ ကောင်းမွန်စေမယ့် သဘာဝဖျော်ရည်ပြုလုပ်နည်းကို မျှဝေပေးသွားပါမယ်။

ပါဝင်ပစ္စည်း

သံပုယိုသီး ၃ လုံး

ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း

ဒန့်သလွန်မြစ် ၁၂၅ ဂရမ်

ပြုလုပ်နည်း

ပထမဆုံး ဒန့်ဒလွန်မြစ်ကို ရေသေချာဆေးပြီး အတုံးလိုက်လှီးကာ ဖျော်စက်ထဲထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် သံပုယိုသီးကိုလှီးပြီး အစေ့ဖယ်ကာ ဖျော်စက်ထဲထည့်ပါ။ အဲဒါကိုလည်း သေချာမွှေပေးပါ။ ပြီးရင်ပျားရည်ထည့်ပြီး မွှေပါ။

အားလုံးပြီးသွားရင်တော့ ဘူးတစ်ခုထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ကာ သိမ်းထားပါ။

ဘယ်လိုစားမလဲ

တစ်ရက်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ နှစ်ကြိမ်စားပေးရမှာဖြစ်ပြီး ၃ ပတ်စားပေးရမှာပါ။

၃ ပတ်စားပြီးရင် တစ်ပတ်နားပါ။ ပြီးရင် ၃ ပတ်ထပ်စားပေးပါ။

Source: healthytipsworld.net