ဆံပင်အဖျားနှစ်ခွဖြစ်တာကို သက်သာစေဖို့အတွက် ကပ်ကြေးတစ်ခုကိုင်ပြီး အမြဲလိုလို ထိုင်ညှပ်တတ်လေ့ရှိပါသလား။

ဒါဆိုရင်တော့ အဲဒီလိုဒုက္ခကနေ ကင်းဝေးနိုင်စေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ ဆံပင်အဖျားလေးတွေကို အဆီလိမ်းပေးပါ

သံလွင်ဆီ အုန်းဆီတို့လို သဘာဝဆီကို လိမ်းပေးနိုင်ပါတယ်။

၂။ ၃ လတစ်ခါ ဆံပင်အဖျားကို ဆိုင်မှာ သွားတိပါ

ဆံပင်အရှည်ထားတဲ့သူတွေအတွက်တော့ နည်းနည်းစိတ်မကောင်းဖြစ်စရာဆိုပေမယ့် ဆံပင်ရှည်လာမှ အဖျားနှစ်ခွတွေတပုံကြီးဖြစ်နေတာထက် စာရင်တော့ ပိုကောင်းပါတယ်နော်။ ဆံပင်အဖျားနှစ်ခွကို ၃ လတစ်ခါ ပုံမှန်ညှပ်ပေးပါ။ ဆိုင်မှာ ဆံပင်ညှပ်ပညာရှင်တွေနဲ့ ညှပ်ပေးသင့်ပါတယ်။

၃။ သဘာဝခေါင်းလျှော်ရည်သုံးပါ

ဗောက်ထတာပဲဖြစ်ဖြစ် ဆံပင်အဖျားနှစ်ခွဖြစ်တာပဲဖြစ်ဖြစ် သဘာဝခေါင်းလျှော်ရည်ကို သုံးပေးတာ ပိုကောင်းပါတယ်။

၄။ သဘာဝနည်းအတိုင်း ပေါင်းတင်မယ်

သံလွင်ဆီ ၊ အုန်းဆီ၊ ထောပတ်သီးတို့နဲ့ပေါင်းတင်ပေးလို့ရသလို၊ ကြက်ဥအနှစ်နဲ့လည်း ပေါင်းတင်ပေးလို့ရပါတယ်။

၅။ ဘီးကို သေချာရွေးချယ်ပါ

ဆံပင်ကိုဖြီးတဲ့ ခေါင်းဘီးကို သေချာရွေးချယ်ပါ။ ဘီးကျဲကျဲနဲ့ ဆံပင်အဖျားကို မထိခိုက်စေတဲ့ ဘီမျိုး သုံးပေးသင့်ပါတယ်။

၆။ ဆံပင်အပူပေးစက်တွေကိုရှောင်မယ်

ဆံပင်လေမှုတ်စက်တွေ၊ အပူပေးစက်တွေကို တတ်နိုင်ရင်ရှောင်ပေးပါ။ တကယ်လို့မဖြစ်မနေသုံးမယ်ဆိုရင်လည်း အပူချိန်လျှော့သုံးပေးသင့်ပါတယ်။

၇။ အာဟာရဓာတ်ညီညွှတ်မျှတအောင်စားပါ

ကျန်းမာရေးအတွက်ရော အလှပအတွက်ပါ အာဟာရဓာတ်ညီညွတ်မျှတအောင်စားပေးဖို့လိုအပ်ပါတယ်နော်။

၈။ ရေများများသောက်ပါ

ဆံပင်အဖျားနှစ်ခွဖြစ်တာဟာ ရေဓာတ်ခမ်းခြောက်တာကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သင့်ဆံကေသာဟာ တခြားခန္ဓာကိုယ်အစိတ်အပိုင်း လိုပဲ ရေဓာတ်လိုအပ်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပါ။

၉။ ဦးရေပြားကို နှိပ်နယ်ပေးပါ

ရေမချိုးခင် ၅ မိနစ် လောက်ဦးရေပြားကို လက်ချောင်းလေးတွေနဲ့ ဖြည်းဖြည်းချင်း နှိပ်နယ်ပေးသင့်ပါတယ်။