အဆီလိမ်းပြီး ဗိုက်ကအဆီချတယ်ဆိုတာမျိုး ကြားဖူးကြမှာပါနော်။ ဒီတခါမှာတော့ ဝမ်းဗိုက်ကို အဆီလိမ်းပြီး အဆီတွေ လျှော့ချနိုင်မယ့် နည်းလမ်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

သဘာဝနည်းလမ်းဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးတွေကိုလည်း စိတ်ပူစရာမလိုပါဘူး။

ပါဝင်ပစ္စည်း

ပရုတ်လုံးအမှုန့် စားပွဲတင်ဇွန်း တစ်ဝက်

Baby Oil အလတ်ဆိုက်ဘူးတစ်ဘူး

ပြင်ဆင်ခြင်း

ပရုတ်လုံးအမှုန့်ကို အဲဒီ Baby Oil ဆီဘူးထဲထည့်လိုက်ပါ။ အားလုံးကို သေချာရောသွားအောင် ၂ ရက်လောက်ထားပေးပါ။ပြီးရင် သေချာမွှေပေးပါ။

အသုံးပြုခြင်း

ဝမ်းဗိုက်နားနဲ့ ခါးနားတစ်ဝိုက်ကို သေချာပွတ်လိမ်းပေးပါ။ ညအိပ်ယာမဝင်ခင်လိမ်းပေးရမှာဖြစ်ပါတယ်။

သတိပြုရန်

ပရုတ်လုံးနဲ့ ဓါတ်မတည့်တာမျိုးရှိမရှိအရင်စမ်းသတ်ပါ။ ဓါတ်မတည့်ရင် မလုပ်ပါနဲ့။

ဒီနည်းလမ်းကိုလုပ်ဆောင်နေချိန်မှာ ရေများများသောက်ပေးပါ။

ပုံမှန်လေးလုပ်ပေးရပါမယ်။