သွယ်လျပြီးလှပတဲ့ခန္ဓာကိုယ်မျိုးကို မိန်းကလေးတိုင်း လိုချင်ကြတာပဲလေ။ လူတိုင်းက ပိန်ချင်ကြတယ်ဆိုပေမယ့်လည်း ပိန်နေမှ ကျန်းမာရေး ကောင်းတာမျိုးမဟုတ်ပဲ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ကယ်လိုရီတွေလောင်ကျွမ်းသွားမယ်ဆိုရင် ကျန်းမာရေးကိုလည်းကောင်းမွန်စေပြီး ခန္ဓာကိုယ်မှာလည်းအဆီပိုတွေ ရှိနေတော့မှာမဟုတ်ပါဘူး။

ဒီတော့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ကယ်လိုရီတွေလောင်ကျွမ်းသွားစေဖို့ လုပ်ဆောင်သင့်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အိမ်သန့်ရှင်းရေးလုပ်ပါ။

တော်တော်များများက အိမ်သန့်ရှင်းရေးလုပ်ရမှာကို ပျင်းနေတတ်ကြပါတယ်။ ဒါက ကောင်းတဲ့အကျင့်မျိုး မဟုတ်ပါဘူး။ အိမ်သန့်ရှင်းရေးလုပ်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေ၊ အားစိုက်ထုတ်ရမှုတွေကြောင့် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ကယ်လိုရီတွေကို ကောင်းကောင်းလောင်ကျွမ်းစေတာကြောင့် ခန္ဓာကိုယ်မှာ အဆီပိုတွေလည်း မရှိနိုင်တော့ဘူးပေါ့။

လမ်းလျှောက်ဖို့အချိန်ပေးပါ။

မနက်ပိုင်းမှာစောစောထပြီး လမ်းလျှောက်ပေးမယ်ဆိုရင် ကျန်းမာရေးကိုလည်း ကောင်းမွန်စေပြီး ကိုယ်တွင်းမှာရှိနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ အထောက်အကူလည်းပြုနေပါတယ်။ မနက်ပိုင်းမှာထပြီးတော့ လမ်းလျှောက်ဖို့ကို အချိန်မပေးနိုင်ဘူးဆိုရင်တောင် အလုပ်သွားတဲ့ အချိန်၊ အလုပ်ပြန်တဲ့အချိန်တွေမှာ လမ်းကိုမဖြစ်မနေလျှောက်ပေးသင့်ပါတယ်။

လှေကားတွေကိုပြေးပြီးတော့တက်ပါ။

တော်တော်များများက လှေကားတွေကိုအသုံးမပြုတော့ပဲ ဓာတ်လှေကားတွေ၊ စက်လှေကားတွေကိုပဲ အားပြုလာတာကိုတွေ့ရပါတယ်။ သက်တောင့်သက်သာရှိစေတယ်ဆိုပေမယ့်လည်း ကျန်းမာရေးအတွက်ဆိုရင်တော့ ရိုးရိုးလှေကားတွေကိုပဲ အသုံးပြုသင့်တယ်လို့ထင်ပါတယ်။ ရိုးရိုးလှေကားတွေကိုအသုံးပြုတာက နည်းနည်းတော့ပင်ပန်းတယ်ဆိုပေမယ့်လည်း ကယ်လိုရီတွေကိုလောင်ကျွမ်းစေပါတယ်နော်။

တစ်နာရီတစ်ခါလမ်းလျှောက်ပါ။

ရုံးအလုပ်တော်တော်များများက ထိုင်ပြီးတော့လုပ်နေရတာများတဲ့အတွက်ကြောင့် ကယ်လိုရီတွေကိုလောင်ကျွမ်းဖို့ဆိုတာ အခွင့်အလမ်းတော်တော်ကို နည်းပါတယ်။ ဒါကြောင့် တစ်နာရီလောက်ထိုင်ပြီးသွားရင် ၂ မိနစ်လောက်လမ်းလျှောက်ပေးဖို့လိုအပ်တာပေါ့။ ဒါမှလည်း ကယ်လိုရီတွေ လောင်ကျွမ်း စေမှာလေ။

ပိတ်ရက်တွေမှာ Bowling ပစ်ပါ။

ပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ဆုံပြီး Bowling ပစ်တဲ့ကစားနည်းကို ဆော့ကြည့်ပါ။ တကယ်ပျော်စရာကောင်းပြီး လှုပ်ရှားရတဲ့ ကစားနည်း ဖြစ်တာကြောင့် ကယ်လိုရီတွေကိုကောင်းကောင်း လောင်ကျွမ်းစေပါတယ်နော်။

ပျင်းတဲ့အချိန်တွေမှာ Shopping ထွက်ပါ။

တကယ်လို့ အားလပ်ရက်တွေမှာ ဘာမှလည်းလုပ်စရာမရှိပဲ ပျင်းစရာကောင်းနေမယ်ဆိုရင် သူငယ်ချင်းနဲ့အတူတူ Shopping ထွက်ပါ။ မဝယ်နိုင်သေးဘူးဆိုရင်တောင် လိုချင်တာလေးတွေ၊ အသစ်အဆန်းလေးတွေကို လိုက်ပတ်ပြီးတော့ကြည့်ကြည့်လိုက်ပါ။ Shopping Mall တစ်ခုလုံးကို လှည့်ပတ်ပြီးတော့ သွားနေရတဲ့အတွက် ကယ်လိုရီလောင်ကျွမ်းမှာကတော့ အသေချာပါပဲနော်။

Photo Source: Pinterest