ကိုယ်အလေးချိန်လျှော့ချနည်းဆိုလို့ စိတ်ဝင်စားသွားပြီလား။ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေပါပဲလို့ ပြောရင် ပိုပြီး စိတ်ဝင်စားသွားမယ်လို့ ထင်ပါတယ်။ နည်းလမ်းလေးတွေက သိပ်မခက်ပါဘူးနော်။

၁။ ဘယ်ဖက်လက်နဲ့စားပါ

ညာသန်ဆိုရင် ဘယ်လက်နဲ့စားမယ် ။ ဒါပေမယ့် ဘယ်သန်ဆိုရင်တော့ ညာလက်နဲ့စားရမယ်နော်။ အဲဒီလိုစားပေးတာဟာ သင့်ရဲ့ အစားများများစားဖြစ်ခြင်းကို ဟန့်တားပေးနိုင်ပါတယ်။

၂။ မှန်ရှေ့မှာစားပါ

မှန်ကိုကြည့်ပြီး အစားစားပေးတာဟာ သင့်ပါးစပ်ထဲ အစားဘယ်လောက်ဝင်သွားတယ်။ ဘယ်လောက်ထိ ညက်ညက်ဝါးတယ်ဆိုတာကို သတိထားမိစေပြီး ကိုယ့်ကိုကိုယ် ပြန်မြင်ရတာကြောင့် အစားများများ စားမိခြင်းကို အထိုက်အလျောက် တားဆီးပေးနိုင်ပါတယ်။

၃။ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူစားပါ

အထူးသဖြင့် ယောင်္ကျားလေး မိတ်ဆွေသူငယ်ချင်းနဲ့ အတူတူစားပါ။ ကိုယ်နဲ့ သိပ်မရင်းနှီးသေးတဲ့ သူစိမ်းရှေ့မှာ စားတာဟာ သင်တစ်ယောက်တည်းစားတာထက် အစာကို ပိုပြီး ညက်ညက်ဝါးမိစေသလို၊ အစားအစာရင် စကားစမြည်ပြောဆိုကြတာဖြစ်လို့ အစားများများ စားမိခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၄။ သစ်သီးဖျော်ရည်သောက်ပါ

ဗိုက်ဆာလာတဲ့အခါမှာ သစ်သီးကို ဖျော်သောက်လိုက်တာ၊ အသီးကို ခွဲစားတာမျိုး လုပ်ပေးပါ။ ရေဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်ပြီး၊ သင့်အသားအရေကိုလည်း စိုပြေစေမှာဖြစ်ပါတယ်။

၅။ အဆီစားပါ

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီစားပေးရပါမယ်။ သံလွင်ဆီ စားပွဲတင်ဇွန်းတစ်ဇွန်းလောက်ဖြစ်ဖြစ်သောက်ပေးသင့်ပါတယ်။ အဆီလံးဝရှောင်တာမျိးမလုပ်သင့်ပါဘူး။

၆။ သွားတိုက်ပါ

အစာအစားပြီး ၂ နာရီလောက်နေရင် သွားတိုက်လိုက်ပါ။ သွားတိုက်ထားပြီဆိုရင်နောက်ထပ် အစားတွေ ထပ်စားဖြစ်တော့မှာမဟုတ်ပါဘူး။

၇။ လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ အချိန်မပေးနိုင်ဘူးဆိုရင်တောင် ဟိုသွားဒီသွား လမ်းလျှောက်တာ၊ ဓာတ်လှေကား စက်လှေကားအစား ရိုးရိုးလှေကားသုံးပေးတာ၊ လမ်းကိုခပ်သွက်သွက်လျှောက်တာမျိုး လုပ်ပေးသင့်သလို၊ စားပွဲပေါ်မှာ အလုပ်လုပ်နေရင်း ၁ နာရီခြားတခါ လမ်းခဏ ထထ လျှောက်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ၊ ၁ နာရီလောက် လေ့ကျင့်ခန်းလုပ်ပေးပါ။