သင်္ဘောသီးမှည့်က ကျန်းမာရေးအတွက်သာမက ဆံကေသာအလှအတွက်ပါ များစွာ အကျိုကျေးဇူးရှိပါတယ်။

သဘာဝအတိုင်းလည်းဟုတ်တယ်။ ကုန်ကျစရိတ်အနေနဲ့ဆိုလည်း ထူးပြီး ကုန်ကျခံစရာမလိုပါဘူး။ ကိုယ်စားမဲ့ ထဲက သင်္ဘောသီးတစ်ချို့တစ်ဝက်ကို ဖယ်ပြီး ဆံကေသာအတွက် အခုပဲ အသုံးပြုလိုက်ကြရအောင်။

ပါဝင်ပစ္စည်း

သဘောၤသီးမှည့် ခွက်တစ်ဝက်

အုန်းနို့ ခွက် ၁/၄ ပုံ

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ကာ ကြိတ်လိုက်ပါ။ ပြီးရင် ခွက်တစ်လုံးထဲထည့်ပြီး ဦးရေးပြားနဲ့ ဆံနွယ်တွေပေါ်မှာ လိမ်းပေးပါ။

၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်ချပါ။