ကြက်သွန်နီကနေ ထွက်တဲ့အရည်က ဆံပင်ပါးတာနဲ့ ဆံပင်ကျွတ်တာတွေအတွက် အကောင်းဆုံးပါပဲ။
သွေးလည်ပတ်မှုကိုကောင်းစေပြီး ဆံပင်ပေါက်တဲ့ Follicle လေးတွေကို အာဟာရဓါတ်ဖြည့်ပေးလို့ ဆံပင်ကို ပိုမို သန်စွမ်းစေပါတယ်။
ပျားရည်နဲ့ တွဲပြီးသုံးလိုက်မယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ပေါင်းဆေးတစ်ခွက်ရပါပြီ။
ပါဝင်ပစ္စည်း
ကြက်သွန်နီ ဥကြီး ၁ လုံး
ပျားရည်
ပြုလုပ်နည်း
ကြက်သွန်နီကို အခွံနွာပြီး ပါးပါးလှီးလိုက်ပါ။ ပြီးရင် ကြိတ်စက် (သို့) ဖျော်စက် ထဲထည့်ပြီး ကြိတ်ပေးပါ။ ပြီးရင် ပိတ်ဆ (သို့) ရေဆစ်တဲ့ စကာပေါက်ကျဉ်းကျဉ်းကို အသုံးပြုပြီး အရည်စစ်ပေး ညှစ်ပေးပါ။ လက်နဲ့ ဒီတိုင်းညှစ်လည်းရပါတယ်။
ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပေးပါ။ အုန်းဆီ (သို့) သံလွင်ဆီ (သို့) Lavender ဆီ တစ်မျိုးမျိုးကို လိုအပ်ရင် ၂ စက်လောက်ထည့်ပေးပါ။
ဒါဆိုသုံးလို့ရပါပြီ။
ဘယ်လိုသုံးမလဲ
ဦးရေပြား အထဲမှာ စိမ့်ဝင်သွာအောင်လက်နဲ့ သေချာနှိမ့်နယ်ပြီး လိမ်းပေးပါ။ ပြီးရင် Shower Cap ဆောင်းပြီး တစ်ညလုံးထားအိပ်ပါ (သို့) မိနစ် ၃၀ လောက်ပဲထားလို့ရပါတယ်။
ပြီးရင် ခေါင်းကို ရေအရင်ဆေးချပြီးမှ ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးသုံးပေးပါ။