နေ့တစ်နေ့တာကို သွားတိုက်ခြင်းနဲ့ အစပြုကြပါတယ်။

ဒါပေမဲ့ ကိုယ်နေ့စဉ်သုံးနေတဲ့ သွားတိုက်ဆေးက သွားကျန်းမာရေးအတွက် တကယ်အထောက်အကူပြုရဲ့လား။ သွားကော တကယ်ဖြူရဲ့လား။ သွားပိုးကော တကယ်မစားဘူးလား။ မေးစရာမေးခွန်းတွေကိုတော့ စာဖတ်သူတို့ ကိုယ်တိုင်ပဲ အဖြေသိကြမယ်ထင်ပါတယ်။

သွား၊ သွားဖုံးနဲ့ ပတ်သတ်တဲ့ ပြဿနာတွေ ကင်းရှင်းစေဖို့ သဘာဝသွားတိုက်ဆေးကို အိမ်မှာ ပြုလုပ်လို့ရအောင် နည်းလမ်းကောင်းလေး မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

အုန်းဆီ သန့်အခဲ စားပွဲတင်ဇွန်း ၂ ဇွန်း

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်း

နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပူစီနံမှ ထုတ်တဲ့အဆီ (Peppermint Extract) ၁၀ စက်မှ ၁၅ စက် (လိုအပ်မှထည့်ပါ)

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ရောလိုက်ပါ။

ပြီးရင် သွားတိုက်တံပေါ် တင်ပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် သွားတိုက်ပေးလို့ရပါပြီ။

သွားနဲ့ သွားဖုံးနဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို သဘာဝသွားတိုက်ဆေးနဲ့ Goodbye လို့ နှုတ်ဆက်ကြပါစို့။