ဟင်? ငရုတ်သီးမှုန့်နဲ့ ဆံပင်နဲ့ ဘာဆိုင်လို့လဲလို့ တွေးမိသူချင်လည်း တွေးမိကြမှာပါ။ ငရုတ်သီးမှုန့်ကို ဆံပင်သန်စွမ်းစေရာမှာ အသုံးပြုဖို့ လူတိုင်း တွေးမိကြမယ်မထင်ပါဘူး။

ငရုတ်သီးမှုန့်ဟာ ဦးရေပြားအတွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင်ပါးတာကို သက်သာစေပါတယ်။ ဒါ့ကြောင့် ဆံပင်ကျွတ်တာကိုလည်း သက်သာစေပါတယ်။ ဆံပင်တွေကို ပြန်ပြီး သန်စွမ်းစေပါတယ်။

ပါဝင်ပစ္စည်း

ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆံပင်ပေါင်းဖို့ ထုတ်ထားတဲ့ အုန်းဆီ အပူ (ထည့်ချင်မှထည့်ပါ)

ပြုလုပ်နည်း

ပါဝင်ပစ္စည်း ၂ မျိုးကိုရောပြီး မွှေပေးပါ။ ပြီးရင် အေးပြီး မှောင်တဲ့နေရာမှာ ထားပါ။ ၁ ပတ်လောက်ထိ ထားပေးရမှာဖြစ်ပါတယ်။ တစ်ပတ်ကြာရင် အနည်ထိုင်သွားမှာပါ။ ပြီးရင် ဦးရေပြားပေါ် လိမ်းပေးပြီး ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပါ။ ပြီးရင် ခေါင်းလျှော်ချပါ။