ခန္တာကိုယ်တစ်ခုလုံးမှာ တခြားနေရာတွေကတော့ အဆင်ပြေပါရဲ့။ ဒါပေမဲ့ ဘေးတိုက်ကကြည့်ရင် တင်ပြားပြားကြီးဖြစ်နေလို့ ဒါမှမဟုတ် တင်ရှုးနေလို့ စိတ်ညစ်နေလား။

ထိုင်ထ လေ့ကျင့်ခန်းကလွဲလို့ တခြား တင်လှစေမဲ့ လေ့ကျင့်ခန်းရော မရှိဘူးလားဆိုတဲ့ ပျိုမေတို့ရေ။

ဒီနေ့မှာ တင်သားအလှအတွက် လေ့ကျင့်ခန်းကို မျှဝေပေးသွားပါမယ်နော်။

ပုံစံ ၁

ကိုယ်ဟန်အနေထားကို မတ်မတ်နေပြီး လက်နှစ်ဖက်ကို ရှေ့ဆန့်ပါ။ ခြေထောက်နှစ်ဖက်ကို အနည်းငယ်ကားပြီး တစ်ဝက်လောက် ထိုင်ထလုပ်ပေးပါ။

ပုံစံ ၂

ကိုယ်ကိုမတ်မတ်ထားပြီး ဒူးကို အရှေ့ကို ဆန့်ထုတ်ကွေးလိုက်ပါ။ အခုဗီဒီယိုမှာ ပြထားပါတယ်။ တစ်ဖက်ချင်းလုပ်ပေးပါ။

ပုံစံ ၃

ကျောကိုလှဲလိုက်ပါ။ ဒူးခေါင်းကိုတော့ ကြွပြီး ၉၀ ဒီဂရီထောင်ပေးထားပါ။ လက်နှစ်ဖက်ကို ဘေးမှာ ချထားပါ။ပြီးရင် ခန္တကိုယ်ကို လေပေါ်ကြွကြွပေးပါ။

ပုံစံ ၄

ပုံစံ ၃ လိုပဲ လုပ်ပေးပြီးရင် ခေါင်းကို အားပြုထားပြီး ခြေထောက်ကို မလိုက်ချလိုက်လုပ်ပေးရမှာပါ။တစ်ဖက်ဆီ ပြောင်းလုပ်ပေးပါ။

ပုံစံ ၅

ဒီနည်းလမ်းလေးကတော့ လက်နှစ်ဖက်ကို ရှေ့မှာ ထောက်ပေးထားပါ။ ပြီးရင် ဒူးကိုလည်းထောက်ပေးထားပါ။ မှောက်လျက်အနေအထားမှာ ခြေထောက်ကို အနောက်ဖက် မလိုက်ချလိုက်လုပ်ပေးပါ။ တစ်ဖက်ဆီ ပြောင်းလုပ်ပေးရမှာပါ။

Credit: thelist.com