အုန်းဆီနဲ့ သွားတိုက်ပေးတာဟာ သွားတွေကို ဖြူဝင်းစေပြီး ကျန်းမာစေပါတယ်။ ခံတွင်းနံ့ကို လန်းဆန်းစေပါတယ်။

အုန်းဆီနဲ့ သွားတိုက်သင့်တဲ့အကြောင်းရင်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ခံတွင်းနံ့မဆိုးစေဖို့

သွားကိုအုန်းဆီနဲ့တိုက်ပေးတာဟာ ခံတွင်းနံ့ဆိုးတာကို သက်သာပျောက်ကင်းစေပါတယ်။ ဘက်တီးရီးယားတွေကိုသေစေပြီးတော့ အောင့်သက်သက်အနံ့ဆိုးတွေကို ပျောက်ကင်းစေပါတယ်။ အုန်းဆီကို ရေနဲ့ရောပြီး ပလုတ်ကျင်းပေးတာကလည်း ခံတွင်းနံ့ သန့်စင်ပေးနိုင်ပါတယ်။

ဘက်တီးရီးယားတွေကင်းစင်စေဖို့

အုန်းဆီနဲ့သွားတိုက်ပေးရင်ဘက်တီးရီးယားပိုးမွှားတွေကင်းစင်စေပြီး ခံတွင်းကို သန့်စင်ပေးနိုင်ပါတယ်။ ခံတွင်းမှာ ဘက်တီးရီးယားိပုးတွေရှိတာဟာ သွားကျန်းမာရေးကိုသာမက ခံတွင်းကျန်းမာရေးကိုပါထိခိုက်စေပါတယ်။

သွားဂျိုးတည်တာ သွားဖုံးရောင်တာတွေကို ပျောက်ကင်းစေဖို့

သွားဂျိုးတည်တာ သွားကျောက်တည်တာ မျိုးကို သက်သာပျောက်ကင်းစေပါတယ်။ ဘက်တီးရီးယားပိုးတွေကြောင့် သွားဖုံးရောင်တာတွေကိုလည်းသက်သာပျောက်ကင်းစေပါတယ်။

သွားတွေကိုဖြူဝင်းစေတယ်

အုန်းဆီနဲ့သွားတိုက်တာဟာ သွားတွေကို ဖြူဝင်းစေပါတယ်။

ဘယ်လိုသုံးမလဲ

ရိုးရှင်းပါတယ်။ အုန်းဆီနဲ့ရေနည်းနည်းရောပြီး ၁၀ မိနစ် ၁၅ မိနစ်လောက်ငုံထားပါ။ အဲဒီနောက်ထွေးထုတ်လိုက်ပြီး သွားတိုက်တံနဲ့ တိုက်ပေးပါ။

အရည်သွေးကောင်းတဲ့ အုန်းဆီကိုသုံးပေးတာဟာ ဘက်တီးရီးယားတွေကိုသေစေနိုင်ပါတယ်။ အုန်းဆီကို သွားတိုက်တံပေါ်တင်ပေးပြီး သွားတိုက်ပေးရင်လည်းရပါတယ်။