အာလူးချက်ဖို့ အခွံနွှာထားရင် လွင့်မပစ်လိုက်ပါနဲ့။ ဆံပင်ဖြူတာတွေအတွက် အသုံးပြုလို့ရပါတယ်။ အသက်အရွယ်ရလာလို့ ဆံပင်ဖြူတာ ဓမ္မတာသဘာဝဖြစ်ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတာတွေ တွေ့ဖူးကြမှာဖြစ်သလို တစ်ချို့ အသက်ကြီးပေမယ့် ဆံပင်မဖြူတာတွေလည်း တွေ့ဖူးကြမှာပါ။

အာလူးခွံ ၅ ခုကနေ ၆ ခု ကိုယူပါ။ ပြီးရင် ရေသေချာဆေးပြီး အိုးထဲထည့်ကာ ရေ ၂ ခွက်ဖြည့်ပါ။ ပြီးရင်ရေကို ဆူအောင်သည်ပါ။ ဆူလာပြီဆိုရင် မီးဖိုပေါ်ကချပြီး အအေးခံပါ။ ပြီးရင် ရေဆစ်ချပါ။ ရလာတဲ့အရည်ကို လေလုံတဲ့ ဘူးထဲထည့်ထားပါ။ အနံ့မွှေးချင်တယ်ဆိုရင် အနံ့မွှေးတဲ့ ဆီတစ်မျိုးထည့်ပေးပါ။

ပြီးရင် ဆံပင်ကို ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့အရင်လျှော်လိုက်ပါ။ ဆံပင်ဖြူတယ်ဆိုရင်ရေဓါတ်များများလိုပါတယ်။

ပြီးရင် စောစောကပြုတ်ထားတဲ့ အာလူးပြုတ်ရည်ကို ဆံပင်နဲ့ ဦးရေပြားပေါ် သေချာလိမ်းပေးပါ။ ခေါင်းမလျှော်ပါနဲ့။ ဆံပင်ကို အခြောက်ခံလိုက်ပါ။

ဒီနည်းလမ်းအတိုင်း တစ်ပတ်ကို၂ ကြိမ် ၃ ကြိမ်လောက်လုပ်ပေးနိုင်ပါတယ်။ တစ်ပတ် ၂ ပတ်လောက်နဲ့ သိသာဦးမှာမဟုတ်ပါဘူး။ စိတ်ရှည်ပါ။

တချို့က သွေးမသန့်ရင်ဆံပင်ဖြူတတ်လို့ ဆရာဝန်နဲ့တိုင်ပင်ပြီး သွေးသန့်ဆေးသောက်ပေးနိုင်ပါတယ်။