ဆံပင်အများကြီးကျွတ်တာဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါ။ လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင် အချောင်း ၉၀ ကနေ ၁၀၀ ထိကျွတ်ကြတယ်လို့ ဆိုပါတယ်။

ဆံပင်ကျွတ်တာကို သက်သာစေတဲ့ ခေါင်းလျှော်ရည်တွေ ပေါင်းဆေးတွေကို သုံးပေမယ့်လည်း ဘာမှမထူးဘူး အဆင်မပြေဘူးဆိုရင်တော့ ဆံပင်ဘာလို့ ကျွတ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို သိဖို့ လိုအပ်ပါတယ်။

၁။ ပရိုတင်းဓာတ် ချို့တဲ့ခြင်း

ပရိုတင်းဓာတ်စားသုံးမှု နည်းပါးတာဟာ ဆံပင်အားနည်းပြီး ဆံပင်ကျွတ်စေပါတယ်။ ဒါ့ကြောင့် ပရိုတင်းဓာတ် ကို လုံလုံလောက်လောက်စားပေးဖို့ လိုအပ်ပါတယ်။

အမည်းသား၊ အခွံမာသီးတွေ၊ အသီးခြောက်တွေ၊ ပဲအမျိုးမျိုး၊ ထောပတ်သီး၊ နို့ထွက်ပစ္စည်း နဲ့ ကြက်ဥတွေစားပေးသင့်ပါတယ်။

၂။ ဓာတုပစ္စည်းအလွန်အကျွံသုံးစွဲခြင်း

ဓာတုပစ္စည်းအလွန်အကျွံ သုံးစွဲတာဟာ သင့်ဆံကေသာကို ခြောက်သွေ့စေပြီး ဆံပင်အဖျားနှစ်ခွဖြစ်စေသလို ဆံပင်ကျွတ်စေပါတယ်။ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ဆံပင်ပေါင်းပေးတာမျိုးကို လုပ်ပေးသင့်ပါတယ်။

၃။ မျိုးရိုးလိုက်ခြင်း

မျိုးရိုးလိုက်တာကြောင့်လည်း ဆံပင်ကျွတ်တာမျိုး ဖြစ်စေပါတယ်။ မျိုးရိုးကြောင့် ဆံပင်ကျွတ်တာဆိုရင် အသက် ၂၀ နောက်ပိုင်းမှာ ပိုပိုပြီး ကျွတ်လာတတ်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပါ။

၄။ သွေးအားနည်းခြင်း

သံဓာတ်စားသုံးမှုနည်းပါးတာကြောင့် သွေးအားနည်တာမျိုး ဖြစ်ရတာပါ။ သွေးအားနည်းတာဟာလည်း ဆံပင်ကျွတ်စေပါတယ်။ ဒါ့ကြောင့် သံဓာတ်ပါဝင်တဲ့ အစားအစာကို များများစားပေးပါ။

၅။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုများတာကလည်း ဆံပင်ကျွတ်စေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကိုလျှော့ချပေးဖို့ လေ့ကျင့်ခန်းလုပ်ပေးပါ။